Preview

စစ်တွေမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သူများအား ဒဏ်ငွေရိုက်မည်

သြဂုတ် ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :8291
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၂၀/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Mask တပ်ဆင်ခြင်းမရှိဘဲ မိမိနေအိမ်မှ အပြင်ထွက်သူများအား ဒဏ်ငွေ တစ်ထောင်ကျပ်စီ ရိုက်မည်ဖြစ်ကြောင်း သိ၇သည်။

သြဂုတ်လ ၂၁ ရက်နေ့မှစ၍ လာမည့် စက်တင်ဘာလ ၁ ရက်နေ့အထိ Mask မတပ်ဘဲ မိမိနေအိမ်မှ အပြင်ထွက်သူများကို ဒဏ်ငွေ တစ်ထောင်ကျပ်စီရိုက်သွားမည်ဖြစ်ကြောင်းကို စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

“ကျွန်တော်တို့ မနက်ဖြန်ကစပြီး လုပ်မှာပေါ့။ တစ်မြို့လုံးအတိုင်းအတာနဲ့ပေါ့။ မြို့ထဲက အိမ်တွေက လူတွေအကုန်လုံးက အပြင်ထွက်ရင် mask တပ်ရပါမယ်။ ဘယ်နေရာမဆို တွေ့ရင် ဒဏ်ရိုက်ပါမယ်။ လောလောဆယ်ကတော့ အခုက အကုန်ထိပေါ့နော်။ ဒဏ်ငွေက တစ်ထောင်ပေါ့” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့တွင် သြဂုတ် ၁၆ ရက်နေ့က တစ်ဦး၊ ၁၉ ရက်နေ့က ၃ ဦးနှင့် ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် ၂ ဦးထပ်မံရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်၊ မြို့ရှိ ရပ်ကွက်များထဲမှ လမ်းသွယ်အချို့တို့အား လော့ဒေါင်း (Lock Down) ချခဲ့ကြောင်း သိ၇သည်။

“နောက်တစ်ခုက လော့ဒေါင်းချတဲ့ ဧရိယာတွေရှိတယ်။ အဲဒီဧရိယာတွေမှာ Stay at home အစီစဉ်ပေါ့ဗျာ။ မိသားစုတစ်စုမှာ တစ်ယောက်လောက်ပဲ အပြင်ထွက်ခွင့်တို့ ဘာတို့လေ။ အပြင်ထွက်ရင် Mask တပ်ရမယ်တို့ ဘာတို့ပေါ့။ ဒါမျိုးစည်းကမ်းလေးတွေ ချမှတ်ထားတာပေါ့။ အဲဒါကိုမှ မလိုက်နာဘူးဆိုရင်တော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူမှာပါခင်ဗျား။ ဒါက လော့ဒေါင်းချထားတဲ့ နေရာတွေကိုပဲ ပြောတာပါ။” ဟု ဦးအောင်ဇော်ဦးက ဆက်ပြောသည်။

စစ်တွေမြို့အတွင်း လော့ဒေါင်း (Lock Down)ချထားသည့် လမ်းများမှာ ဓည၀တီ (ခ)ရပ်ကွက် စန္ဒမုနိလမ်းသွယ်၊ မိဇံရပ်ကွက်ရှိ ရွှေသာလမ်း၊ လမ်းမတော်တောင်ရပ်ကွက်ရှိ အလယ်လမ်း၊ ကုန်တန်းအကွက် (၁) ရပ်ကွက်လမ်းကြား၊ မြို့သူကြီးရပ်ကွက်ရှိ တိုင်ဂါးရေခဲစက် လမ်းများဖြစ်ကြောင်း သိ၇သည်။


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.