ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် ယနေ့ နောက်ထပ် ၁၆ ဦးပိုးတွေ့၊ ရခိုင်တွင်ရောဂါပိုးတွေ့ရှိသူ ၆၁ ဦးရှိသွားပြီဖြစ်ကာ တိုင်းနှင့်ပြည်နယ်အလိုက် ရခိုင်ဒုတိယနေရာသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ၊ သြဂုတ် ၂၂/၂ဝ၂ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် ၈ နာရီထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေတွင် နောက်ထပ် ၁၆ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။ 

အလားတူ သြဂုတ် ၁၆ ရက်နေ့  ၁ ဦး၊ သြဂုတ် ၁၉ ရက်နေ့က ၃ ဦး၊ သြဂုတ် ၂ဝ နေ့က  ၅ ဦး (မနက် ၂ ဦး၊ ည ၃ဦး) တွေ့ရှိခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့ တစ်နေ့တည်းတွင် ၂ဝဦး (စစ်တွေမှ ၁၉ဦးနှင် မြောက်ဦးမှ တစ်ဦး) တွေ့ရှိခဲ့သည်။  

သြဂုတ် ၁၆ ရက်နေ့မှ ယ နေ့သြဂုတ် ၂၂ ရက်နေ့ နံနက် ၈ နာရီအထိ တစ်ပတ်အတွင်း ရောဂါပိုးကူးစက်ခံရသူမှာ ၄၅ ဦးရှိသွားခဲ့ပြီဖြစ်သည်။ ယခင် ကူးစက်ခံရသူ ၁၆ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံက ဆင်းသွားခဲ့ရာ အဆိုပါ  ၁၆ ဦးနှင့်ဆိုလျှင် ရခိုင်ပြည်နယ်တွင် စုစုပေါင်း ရောဂါကူးစက်ခံရသူမှာ ၆၁ ဦးရှိသွားခဲ့ပြီ ဖြစ်သည်။

ယခင်ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းသွားကြသည့် ရခိုင်မှ လူနာ ၁၆ ဦးမှာ တောင်ကုတ် ၁ဦး၊ သံတွဲ ၁ ဦး၊ စစ်တွေ ၁ဦး၊ ကျောက်တော် ၁ဦး၊ မောင်တော ၁ဝ ဦးနှင့် ဘူးသီးတောင် ၂ ဦးတို့ ဖြစ်ကြသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါပိုးကူးစက်ခံရသူ ၄၃၅ ရှိရာ ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၃ဝ၂ ဦး၊ ရခိုင်ပြည်နယ်တွင် ၆၁ ဦး၊ ချင်းပြည်နယ်တွင် ၁၇ ဦး၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် ၉ ဦးစီ၊ မွန်ပြည်နယ်တွင် ၇ ဦး၊ ကရင်ပြည်နယ်တွင် ၅ ဦး၊ မန္တလေးနှင့် ရှမ်း(တောင်)တွင် ၄ ဦး၊ ရှမ်း(မြောက်)-ရှမ်း (အရှေ့)- မကွေးတိုင်းတွင်  ၃ ဦးစီ၊ နေပြည်တော်၊ ကချင်၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတို့တွင် ၂ ဦး တို့ပါဝင်သည်။ 

ကယားပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ယနေ့ထိ မတွေ့သေးကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံတွင် ယနေ့ အချိန်ထိ ရောဂါပိုးကူးစက်သူ ၄၃၅ ဦးရှိပြီး ယင်းအထဲမှ ရောဂါးပိုးကင်းစင်လာသူ ၃၃၇ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ ၆ ဦးရှိပြီး ၎င်းအထဲတွင် ရန်ကုန်မှ ၅ ဦးနှင့် ပဲခူးတိုင်းမှ တစ်ဦးဖြစ်ကြသည်။


ဆက်စပ် သတင်းများ