နိရဥ္စရာ၊ သြဂုတ် ၂၆/၂၀၂၀ (နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်တွင် သြဂုတ် ၂၆ ရက် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တစ်နေ့တည်း၌ လူပေါင်း ၅၄ ဦးသေဆုံးခဲ့သည်။ လက်ရှိ သေဆုံးသူ အရေအတွက် စုစုပေါင်းမှာ ၄၀၈၂ ရှိသွားခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း သံသယ လူနာ ၁၅၀၇၀ တို့၏ တို့ဖတ် နမူနာများကို စစ်ဆေးခဲ့ရာ ၂၅၁၉ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
၂၄ နာရီအတွင်း ပြန်လည် သက်သာကောင်းမွန်လာသူမှာ ၃၄၂၇ ဦးရှိပြီး စုစုပေါင်း ပြန်လည်သက်သာပြီး ကျန်းမာလာသူမှာ ၁၉၀၁၈၃ ဦးဖြစ်သည်။
တစ်နိုင်ငံလုံး ရောဂါကူးစက်ခံ၇သူမှာ စုစုပေါင်း ၃၀၂၁၄၇ ဦးရှိသွားပြီ ဖြစ်ကြောင်း သိ၇သည်။