Preview

ပေါက်တောမြို့နယ်ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ၂၀ ရှိ၊ ဆေးကုသရန် နေရာအခက်အခဲရှိလာနိုင်

စက်တင်ဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :9608
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁/ ၂၀၂၀

၂၅ ကုတင်ဆံ့ ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာ၂၀ ထိရှိနေပြီး ဆေးကုသရန် နေရာအခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့တွင် သြဂုတ် ၃၁ ရက် နံနက်၈ နာရီကအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အ၇ ကိုဗစ်လူနာ  ၂၀ ထိဖြစ်လာခဲ့သဖြင့် ၂၅ ကုတင်ဆန့်ဆေးရုံတစ်ခုအနေဖြင့် ယင်းထက်ပိုလာပါက လူနာများထားရှိရန်အခက်အခဲဖြစ်လာမည်ဟု ဒေါက်တာကိုကိုအောင်ကပြောသည်။

“ဒီနေ့မနက်ထိတော့နှစ်ဆယ်ရှိပါတယ်။ နှစ်ဆယ်ထက်ပိုလာရင်အခက်အခဲရှိပါမယ်။ဆေးရုံမှာ ကုတင် ၂၅ ကုတင်ပဲရှိတာပါ။ ဆေးရုံမှာ တစ်ခြား လူနာတွေလည်းရှိတယ်ဆိုတော့ Positive center တွေ အကောင်အထည်ဖော်မှ ၇ပါတော့မယ်” ဟု ၄င်းကပြောသည်။

ပေါက်တောမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းငြိမ်းကလည်း ပိုးတွေ့လူနာထပ်တိုးလာပါက ထားစရာနေရာအခက်ခဲဖြစ်မည်မှာဟုတ်မှန်ကြောင်း ၄င်းတို့အနေဖြင့်ကျန်းမာရေးဌာနအား တင်ပြထားကြောင်း ပြောသည်။

“ တကယ်လို့များဒီထက်တိုးလာခဲ့ရင်တော့ အခက်အခဲဖြစ်ပါမယ်။ ဆေးရုံကလည်း အဲလိုသိရတယ်။ ကျန်းမာရေးဌာနကိုလည်းတင်ပြထားတယ်။ ဆေးရုံအပြင် တခြားနေရာတွေမှာ စီစဉ်ထားတာရှိလားဆိုတော့ လောလောဆယ်မရှိသေးပါဘူး” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ စိုးဝင်းပိုင်အား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

လက်ရှိ ၇ခိုင်ပြည်နယ်တွင် သြဂုတ်လ(၃၁)ရက်နေ့ နံနက်အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃၄၅ ဦးထိရှိနေပြီး ၄င်းတို့မှာ စစ်တွေ(၁၈၃)ဦး၊ ကျောက်ဖြူ( ၅၂)ဦး၊ ပေါက်တော(၂၀)ဦး၊ မောင်တော(၁၉)ဦး၊ မြောက်ဦး(၁၈)ဦး၊ မင်းပြား(၁၀)ဦး၊ သံတွဲ(၈)ဦး၊ ကျောက်တော်(၉) ဦး၊ မြေပုံ(၇) ဦး၊ ဘူးသီးတောင်(၆)ဦး၊ ပုဏ္ဏားကျွန်း(၇)ဦး၊ တောင်ကုတ်(၂)ဦး၊ မာန်အောင်(၁)ဦး၊ ဂွမြို့နယ်(၁)ဦးနှင့် အမ်းမြို့နယ်မှ (၂)ဦးတို့ဖြစ်ကြသည်။

သြဂုတ်လ(၃၁)ရက်နေ့ ညနေနှင့် စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတို့တွင် မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁၀၀ ဦးခန့် ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသော်လည်း တွေ့ရှိ လူနာစာရင်းအား ယနေ့ နံနက် ၁၀ နာရီထိ ထုတ်ပြန်ခြင်း မရှိသေးပါ။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.