- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၁ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ဓမ္မာရုံအနီး ဆတ်ရိုးကျချောင်းထဲတွင် ယနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသော အသက် ၃ဝ ကျော်ခန့်အရွယ် အမည်မသိ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းအား စစ်တွေမြို့မှ လူမှုကူညီရေးအသင်းတစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေရှင်း အသင်းက ဆယ်ယူခဲ့ကြောင်း သိရှိရသည်။
ရွှေရောင်မေတ္တာဖောင်ဒေရှင်းအသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်က ကုန်းတန်းရပ်ကွက် အစိုးရသစ်ဆိုင်နားမှာ အလောင်းတစ်လောင်း တွေ့တယ်ဆိုပြီး ကျနော်ကို ဖုန်းဆက်လာတယ်။ အလောင်းကတော့ တော်တော့လေးကို ကြာနေပြီထင်တယ်။ သူရဲ့ပါးမှာ ထိုးသွင်းဒဏ်ရာတစ်ချက်ပါတယ်။ လည်းပင်းမှာလည်းပဲ တစ်ချက်ပါတယ်လို့ မြင်တယ်။ သေချာတော့ မသိသေးဘူး” ဟု ပြောသည်။
အဆိုပါအလောင်းအား သယ်ယူရန် နေရာအခက်အခဲဖြစ်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များက အလောင်းအား သယ်ယူရန် နေရာစီစဉ်နေကြကြောင်း ပြောသည်။