Preview

အမ်းမြို့နယ်တွင်လူတစ်ဦးအား သုံးပိုင်းပိုင်း၍သတ်ဖြတ်ခဲ့သူများကို ၄၈ နာရီအတွင်းဖမ်းဆီးရမိဟု ရဲကဆို

စက်တင်ဘာ ၀၃/ ၂၀၂၀ | ကြည့်ရှုသူ :8349
မှုခင်း သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၃/ ၂၀၂၀

အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စု၊ လူပျိုချောင်းကျေးရွာမှ လူတစ်ဦးအားသတ်ဖြတ်ခဲ့ကြသူများဟု သံသယရှိသူ လူ ၅ ဦးအား ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းမိခဲ့သည်ဟု သိ၇သည်။

ဖမ်ဆီး၇မိသူများမှာ အောင်ကျော်(ခ)မောင်ပေ(၁၈)နှစ်၊ ကျော်ဌေး(၂၄)နှစ်၊ ရောင်းပိန်(၄၀)နှစ်၊ ငနှောင်း(၃၃) နှစ်နှင့် ဦးဆုံး(၄၅)နှစ်ဖြစ်ကာကာ အမ်းမြို့နယ်တွင် နေထိုင်သည့် ချင်းလူမျိုးများဖြစ်ကြသည်ဟု အမ်းမြို့မ ရဲစခန်းမှ ရဲအုပ်ကိုကိုဝင်းက ပြောသည်။

သူတို့သည်  လူပျိုချောင်း ကျေးရွာမှ ဇော်မျိုးထွန်း(ခ)အားချေ (၃ရ)နှစ်အား သတ်ဖြတ်ပြီး သုံးပိုင်းပိုင်းကာ ဆာလာအိတ်များထဲတွင် ထည့်၍ လူပျိုချောင်းကျေးရွာ အနီးချောင်းထဲတွင် စွန့်ပစ်ထားခဲ့သည်ဟု သိ၇သည်။

ပြစ်မှုကျုးလွန်သူ ၅ ကို အမှုဖွင့်ပြီး ၄၈ နာရီအတွင်းက စက်တင်ဘာ ၂ ရက်နေ့ ညနေက ဖမ်းဆီး၇မိခဲ့ကြောင်း၊ ၄င်းတို့အား ဖမ်းဆီးရရှိခဲ့သော်လည်း အဓိကတရားခံဟု ယူဆရသူနှစ်ဦးဖြစ်ကြသည့်  ညီညီ(ခ) ဝင်းမောင်နှင့် အောင်အောင်(ခ)ငအောင်တို့မှာ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း ၎င်းရဲအုပ်က ပြောသည်။

“ကျွန်တော်တို့ ဒီအမှုကို သြဂုတ် ၃၁ ရက်နေ့ ညနေမှ စ အမှုဖွင့်ပြီး စက်တင်ဘာ ၂ ရက်နေ့ ညနေမှာ ငါးယောက်ဖမ်းမိတာပါ။ အဓိက တရားခံလို့ယူဆ၇တဲ့ ညီညီနဲ့ နောက်တစ်ယောက်ကို မမိသေးပါဘူး” ဟု သူကပြောသည်။

သေဆုံးသူ ဇော်မျိုးထွန်းက ညီညီ၏ သမီးဖြစ်သူအားမဖွယ်မရာပြောဆိုခဲ့သည့်အတွက် ယခုကဲ့သို့ သတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ သတ်ထားသည့်အလောင်းအား သုံးပိုင်းပိုင်းကာ ဆာလာအိတ်သုံးအိတ်ဖြင့် ငှက်ပျောချောင်းကျေးရွာအနီး မအီကာလမ်းဘေးချောင်းထဲတွင် ကျောက်ခဲများဖြင့် တွဲချည်၍ ချထားခဲ့ကြကြောင်း၊  ရဲတပ်ဖွဲ့မှ လူပျောက်တိုင်တန်းလာ၍ ရှာဖွေရာက အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် အဓိက ပြစ်မှုကျူးလွန်သူများအား အမ်းမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ လွတ်မြောက်နေသူ အဓိက ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိရေး ကြိုးစားနေကြောင်း သိ၇သည်။
 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.