ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၁၅ /၂၀၂၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မွန်းလွဲ ၃ နာရီ ကိုဗစ် ပိုးတွေ့လူနာ စာရင်းထုတ်ပြန်ချက်တွင် ၇ခိုင်ပြည်နယ်၊စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရှိ၇သည်။
စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က “ မနက် ပိုးတွေ့တဲ့လူနာတွေထဲမှာတော့ အမှတ် (၁) ရဲစခန်းက ရဲသားတွေလည်း ပါဝင်တယ်။ ဘယ်နှစ်ယောက်ပါတယ်ဆိုတာတော့ မသိတော့ဘူး။ ၄ ယောက်လား။ ၆ ယောက်လား မသိဘူး ပါတယ်” ဟု ပြောသည်။
အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက ယနေ့ ပိုးတွေ့တဲ့ လူနာများထဲတွင် အမှတ် (၁) ရဲစခန်းမှ (၁၀) ဦးပါဝင်ကြောင်းနှင့် ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ပိုးတွေ့ရှိသူ တစ်ဦးရှိကြောင်း ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြှီးဌာန၏ ယနေ့ မွန်းလွဲ ၃ နာရီ ထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာ ၂၈၄ ဦးပါရှိပြီး ၄င်းတို့ထဲတွင် ၇ခိုင်ပြည်နယ်မှ ၄၅ ဦးပါရှိကြောင်း သိရှိ၇သည်။ ထို ၄၅ ဦးမှာ စစ်တွေမြို့နယ်မှ ၄၄ ဦးနှင့် ကျောက်ဖြူမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရှိ၇သည်။၏
အဆိုပါကိစ္စများနှင့် ပတ်သက်၍ စစ်တွေအမှတ် (၁) စခန်းမှူး ဦးအောင်မြဦးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။