Preview

ရန်ကုန်တွင်ကိုဗစ်အတည်ပြုလူနာနောက်ထပ် ၆ ဦးသေဆုံး၊ သေဆုံးသူများအထဲတွင် အသက် ၁၃နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦးပါဝင်

စက်တင်ဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :7195
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၁၇/၂၀၂၀

စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အ၇ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာနောက်ထပ် ၆ ဦးသေဆုံးခဲ့ပြီး ယင်းသေဆုံးသူ(၆) ဦးအထဲတွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးပါဝင်ကြောင်း သိရသည်။

သေဆုံးသူ မိန်းခလေးမှာ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၁၃) နှစ်အရွယ် အမျိုးသမီး (Case-2531) ဖြစ်ကြောင်း၊ သူမသည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်းပျက်စီးခြင်း၊ သွေးနှင့်ဆိုင်သော ရောဂါအခံရှိခြင်းတို့ကြောင်း  စက်တင်ဘာ ၁၇ ရက်နေ့၊ နံနက် (၁:၄၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ခြား သေဆုံးသူများမှ  အသက် (၈၄) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-3599) သည် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာ၁၄ ရက်နေ့ ညနေ (ရး၂၆) နာရီအချိန်၌ လည်းကောင်း၊ အသက် (၅၈) နှစ်အရွယ်အမျိုးသား (Case-3370) သည် စက်တင်ဘာ၁၄ ရက်နေ့ ည (၇:၃၀) နာရီ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အသက် (၆၅) နှစ်အရွယ် အဆုတ်တီဘ ရောဂါဖြစ်ဖူးခြင်းနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3540) သည် စက်တင်ဘာ၁၄ ရက် ညနေ (၃:၀၀) နာရီအချိန်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီး ၌ လည်းကောင်း၊ အသက် (၉၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိ၍ လေဖြတ်ထားဖူးသူ အမျိုးသား (Case-2911) သည် စက်တင်ဘာ၁၃ ရက်နေ့ နံနက် (၉:၂၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အသက် (၇၅) နှစ်အရွယ် နှလုံးရောဂါနှင့် နာတာရှည် ကျောက်ကပ် ရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-3361) သည် စက်တင်ဘာ၁၄ ရက်နေ့ ညနေ (၆:၁၀) နာရီအချိန်တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌လည်းကောင်း သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူများအားလုံးသည်  ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းတို့ဖြင့်  သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့အထိ တစ်နိုင်ငံလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၄၆)ဦး ရှိပြီဖြစ်ကြောင်းသိရှိ၇သည်။

ယနေ့နံနက် ၈ နာရီထုတ်ပြန်ချက်အ၇ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၅၉၉) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦးတွေ့ရှိခဲ့သည်ဟု သိရှိ၇သည်။

စက်တင်ဘာ ၁၇ ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၈၉၄) ဦး ရှိပြီး ပြန်လည်သက်သာလာသူမှာ ၉၀၈ ဦး၊ စောင့်ကြည့်လူနာ  ၉၁၆၅ ရှိကြောင်း ယနေ့ နံနက် ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.