Preview

ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ရွာထဲ လက်နက်ကြီးကျည်ကျ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :4009
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၁၇ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားကာ ရွာသားများမှာ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဆန်စက်ပိုင်ရှင် ဦးမောင်မောင်ချေ (၄၈) နှစ်ဖြစ်ကြောင်း၊ အသက် ၆၀ အရွယ် အရပ်လူကြီးတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း ရွာကနေ ထွက်ပြေးနေသည့် ရွှေလောင်းတောင် အုပ်ချုပ်ရေးမှူးက ပြောသည်။

“ ရွာမှာလည်း လူတွေအများကြီးရှိသေးတယ်။ တစ်ယောက်သေသွားပြီး နောက်တစ်ယောက်ဒဏ်ရာရလို့ ကျန်ခဲ့တယ်။ အခုဘယ်လို့ ရှိမှာလည်း မသိဘူး။ အခုထိလည်း ပစ်နေသေးတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပါဒလိပ်ဖက်ကလည်း ပစ်တယ်။ ရသေ့တောင်ဖက်ကလည်း  ပစ်နေတယ်။ အခုထွက်ပြေးနေကြတယ်” ဟု ပြောကာ ရွှေလောင်းတောင်အုပ်ချုပ်ရေးမှူးက ဖုန်းချသွားခဲ့သည်။

သို့အတွက် မည်သို့ မည်ပုံ ပစ်ခတ်ခံရခြင်းကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ သေဆုံးသွားသူက ပွဲချင်းပြီးသေသွားတာ။ ၉ နာရီ ၄၅ မိနစ်က သေသွားတာက ရွာထဲကို ကျလာတဲ့ ပထမ လက်နက်ကြီးမှာ သေသွားတာလို့ သိရတယ် ။ အခုက လက်နက်ကြီးတွေ ပစ်နေသေးလို့ ဖုန်းဆက် ၇တာတွေလည်း အခက်အခဲဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသူ/ ရွာသားများမှာ ထွက်ပြေးနေကြသဖြင့် သတင်းအပြည့်စုံကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။ ဆက်သွယ် ရရှိပါ ပြန်လည် တင်ပြပေးပါမည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.