Preview

အမ်းပြည်သူ့ဆေးရုံတွင် ကိုဗစ်သံသယလူနာတစ်ဦးသေဆုံး

စက်တင်ဘာ ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :8022
ရခိုင် သတင်း

ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၁၉ / ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းပြည်သူ့ဆေးရုံးတွင် ယမန်နေ့ ညနေ ၁၁ နာရီကျော် အချိန်ခန့်က ကိုဗစ် သံသယ လူနာတစ်ဦးသေဆုံးသွားသဖြင့် ညတွင်းချင်းသင်္ဂြိုလ်လိုက်ရသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူများ အမ်းမြို့နယ်၊ တပ်တောင်မြို့မှ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးဖြစ်သည်။

၄င်းမှာ ရုတ်တရက်ဖျားနာလာပြီး ယမန်နေ့ ညနေက တပ်တောင်တိုက်နယ်ဆေးရုံမှတဆင့် အမ်းဆေးရုံသို့ ရောက်ရှိလာကာ သမားတော်ကြီးများ၏ စစ်ဆေးချက်အရ ကိုဗစ်သံသယလူနာအဖြစ် သတ်မှတ်ထားကြောင်း အမ်းဆေးရုံအုပ် ဒေါက်တာ အောင်ကျော်မိုးက ပြောသည်။

“သူက ကိုဗစ်ဖြစ်တဲ့လူနာတွေနဲ့ ထိတွေ့တာလည်း မရှိဘူး။ ခရီးသွားရာဇဝင်လည်းမရှိဘူး။ ဒါပေမယ့် သမားတော်ရဲ့ စစ်ဆေးချက်အရ အဆုတ်ရောင်တဲ့ လက္ခာတွေ တွေ့တယ်။ နောက် သူဖြစ်နေတဲ့ လက္ခာတွေပေါ်မူတည်ပြီး သံသယလူနာအနေနဲ့ သတ်မှတ်တာပါ။ ကျနော်တို့ သိသလောက် သူ့မှာ ရောဂါအခံတွေလည်း မရှိဘူး။ အရင်တုန်းက ကျန်းကျန်းမာမာပဲ။ နှစ်ရက်လောက်ဖျားပြီး ရုတ်တရက် တဖြည်းဖြည်းဆိုးလာတဲ့အတွက် ဒီရောဂါဖြစ်နိုင်တယ်ဆိုပြီး သံသယရှိတာ” ဟု ဒေါက်တာအောင်ကျော်မိုးက ပြောသည်။

သေဆုံးသွားသူထံမှ တို့ဖတ်များကို ရယူပြီး ဒဏ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိ၇သည်။

အမ်းမြို့တွင် ကိုဗစ်ရောဂါဖြစ်ပွားသူ ၃ ဦးရှိသော်လည်း လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်၇သွားကြပြီဖြစ်ကာ သံသယ လူနာ ၃ ဦးရှိနေကြောင်း၊ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း တပ်တောင်မြို့မှ ၂၀ ဦးနှင့် အမ်းမြို့နယ်မှ ၄၀ ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများအာ စစ်ဆေးရန် ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း Covid Information for Arakan ပို့စ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက် မနက် ၈ နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အ၇ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၆၂၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၁၃၀ ဦးနှင့် သေဆုံးသွားသူ ၇၅ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရှိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.