Preview

ရခိုင်ပြည်နယ်ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် မဲရုံ ၅၀၀ သာ လေ့လာစောင့်ကြည့်နိုင်မည်

စက်တင်ဘာ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :8067
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၂၁ / ၂၀၂၀

ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် ရခိုင်တွင် မဲရုံပေါင်း ၂၅၀၀ ကျော်တွင်  မဲရုံပေါင်း ၅၀၀ သာ လေ့လာ စောင့်ကြည့်နိုင်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးခိုင်ကောင်းစံက “ကျနော်တို့ကတော့ ရခိုင်ပြည်နယ်မှာ မဲရုံ ၅၀၀ ကို စောင့်ကြည့်ဖို့ လုပ်ထားတယ်။ ကျနော်တို့မှာ မဲရုံစောင့်ကြည့်ဖို့အတွက် သင်တန်းတွေပေးရတယ်။ မဲရုံစောင့်ကြည့်ဖို့နေ့မှာ စောင့်ကြည့် သူတွေလားလာဖို့အတွက် ငွေးကြေးတွေ ပေးဖို့အခက်အခဲတွေ ရှိတဲ့အတွက် ကျန်တဲ့မဲရုံတွေကို ကျနော်တို့ မစောင့်ကြည့်ရတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

မဲရုံစောင့်ကြည့်ရာတွင် အငြင်းပွားမှုအများဆုံးဖြစ်နိုင်သော နေရာများကို ဦးစားပေးပြီး စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

“ မဲရုံစောင့်ကြည့်တဲ့အခါမှာ အငြင်းပွားမှုဖြစ်နိုင်တဲ့ နေရာတွေကို ဦးစားပေးပြီး စောင့်ကြည့်သွားဖို့ရှိတယ်။ ဥပမာအားဖြင့် တချို့ပါတီကြီးတွေ လွှမ်းမိုးတဲ့နေရာ၊ နောက်ပြီး မျိုးနွယ်စုတွေ၊ ပြည်သူတွေအနေနဲ့ မဲပေးခွင့် လွတ်လပ်တွေရှိသလား အစရှိသော နေရာတွေကို ကျနော်တို့က ဦးစားပေးပြီး စောင့်ကြည့်သွားဖို့ရှိတယ်။” ဟု ပြောသည်။

ရခိုင်ပြည်နယ် အရပ်ဘက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် မဲဆွယ်ရေးရုံးရေးကာလတွင် ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလများ၏ စည်းရုံးရေးလုပ်ရှားမှုများကို စောင့်ကြည့် သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူ့များအပေါ်တွင် ပေးထားသော ၄င်းတို့၏ ကတိကဝတ် စကားများကိုလည်း စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရှိ၇သည်။

၄င်းအပြင် ရွေးကောက်ပွဲ ပြီးမြောက်သွားအချိန်တွင်လည်း အငြင်းပွားမှုများ၊ နိုင်ငံတော်က ထုတ်ပြန်ထားသော အမိန့်အာဏာများကိုလည်း လိုက်နာမှု ရှိ/ မရှိအစရှိသော အချက်များကို လေ့လာစောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိ၇သည်။

ရခိုင်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုအထဲတွင် တသီးပုဂ္ဂလ ၄၂ ဦး၊ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၉ ဦး တို့ ပါဝင်သည်။ ရခိုင်ပြည်နယ်တွင် မဲရုံးပေါင်း ၂၅၉၀ လျာတားထားရှိပြီး၊ မဲပေးပိုင်ခွင့် ရှိသူစုစုပေါင်း ၁၆ သိန်းလေးသောင်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ၏ ပြောကြားချက်အရ သိရှိ၇သည်။

ရခိုင်ပြည်နယ်တွင် လွှတ်တော်သုံးရပ်တွင် အမျိုးသားလွှတ်တော်နေရာ (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာနှင့် ချင်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ် တစ်နေရာတို့ ဖြစ်ကြသည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.