Preview

စစ်တွေတွင် ရဲဝန်ထမ်းများသာမက အချုပ်သားများပါ ကိုဗစ်ကူးစက်ခံရ

စက်တင်ဘာ ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :8211
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ၂၆/၂၀၂၀

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်း၌ ရဲဝန်ထမ်းများသာမက အချုပ်သားများပါ ကိုဗစ်-၁၉ ပိုး ကူးစက်ခံထားရသည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၂၁ ရက် တစ်နေ့တည်းတွင် စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ရဲဝန်ထမ်း ၂၂ ဦးနှင့် အချုပ်သား ၁၉ ဦးတို့အား ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။

“ရဲဝန်ထမ်းတွေရော၊ အချုပ်သားတွေရော ၄၁ ဦးမှာ တစ်နေ့တည်းတွေ့တာပေါ့။ အဲဒါ နောက်ဆက်တွဲပေါ့။ အဲဒီ ရဲဝန်ထမ်းနှစ်ယောက်ကို စတင် ပိုးတွေ့ပြီးတဲ့နောက် ကျန်တဲ့ အဲဒီစခန်းက အချုပ်သားတွေရော ရဲဝန်ထမ်းတွေ ကိုရော ကွာရန်တင်းထားတယ်ပေါ့။ အဲဒီမှာ နမူနာကို စစ်ဆေးတော့ ပိုးတွေ့တာ” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေ အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိ ၂ ဦးအား ကိုဗစ်ကူးစက်ခံခဲ့၇ပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့က စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ကာ (Lock Down) ချခဲ့သည်။

၎င်းနောက် စခန်းတွင်ရှိနေသည့် အချုပ်သားများနှင့် ရဲဝန်ထမ်းများအား ကွာရန်တင်း ဝင်ခိုင်းထားပြီး ၎င်းတို့၏ နှာခေါင်း၊လည်ချောင်းတို့ဖတ် နမူနာများကို စစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၁ ရက်နေ့တွင် ရဲဝန်ထမ်း ၂၂ ဦးနှင့် အချုပ်သား ၁၉ ဦးတို့တွင် Positive အဖြေထွက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် ၄င်း ၄၁ ဦးအား စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူထားကြောင်း သိ၇သည်။

“အခု လက်ရှိတွင် သူတို့နဲ့ ထိတွေ့ခဲ့တဲ့ ရဲဝန်ထမ်းတွေရဲ့ မိသားစုကလည်း ကွာရန်တင်း ထားလို့ရှိမယ် ပေါ့နော်။ သူတို့မှာ ရဲရိပ်သာတို့ ရဲသင်တန်း ကျောင်းတို့ ရှိတယ်လေ။ အဲဒီနေရာတွေမှာ အဲဒီရဲဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို ကွာရန်တင်းရင် ထားလို့ရှိမယ်ပေါ့” ဟု ကိုဇော်လှိုင်ထွန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

လက်ရှိ ရခိုင်ပြည်နယ်ရှိ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံထား၇သူ ၁၂၀၉ ဦးရှိပြီး ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်၇ခဲ့သူ စုစုပေါင်း ၆၉၀ ဦးရှိကြောင်း ကိုဇော်လှိုင်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၌ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ဂွနှင့် သံတွဲ စသည့် ၅ မြို့နယ်တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ကင်းစင်၍ လက်ရှိတွင် ယင်း ၅ မြို့နယ်အတွင်း ရောဂါ ကူးစက်ခံထားရသူ မရှိသေးကြောင်း သိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.