Preview

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်၂၄ နာရီအတွင်း ကိုဗစ်လူနာ ၃၀သေဆုံး၊ သေဆုံးသူ ၂၅၆ ဦးရှိတိုးလာ

စက်တင်ဘာ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :5248
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂၉/၂၀၂၀

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးသူ ၃၀ ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၂၅၆ ဦးထိ ရှိလာပြီ ဖြစ်သည်။

၂၀၂၀ စက်တင်ဘာ ၂၈ ရက် ည ၈ နာရီထုတ်ပြန်ချက်တွင် ၂၄ နာရီအတွင်း သေဆုံးသူ ၃၀ ဦးရှိခဲ့ပြီး ၎င်းအနက် ၁၅ ဦးမှာ သေဆုံးပြီးမှ ဆေးရုံသို့ရောက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရာတွင် မှတ်ချက်ပြု ဖော်ပြထားသည်။

စက်တင်ဘာ ၂၇ ရက် ည၈ နာရီမှ စက်တင်ဘာ ၂၈ ည ၈ နာရီထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၅၉၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၈၉၇ ဦး တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာတစ်နို်င်ငံလုံးတွင် စက်တင်ဘာ ၂၈ ရက်နေ့ ည (၈) နာရီထိ သေဆုံးသူ ၂၅၆ ဦး၊ ပို့တွေ့သူ ၁၁၆၃၁ ဦး၊ ပြန်လည် သက်သာကောင်းမွန်လာသူ ၃၀၇၃ ဦး၊ စောင့်ကြည့်လူနာ ၁၃ရ၇၃ ဦး၊ ဓာတ်ခွဲစစ်ဆေးသူ ၂၄၅၁၅၄ ဦးရှိပြီဟု သိ၇သည်။

၇ခိုင်တစ်ပြည်နယ်လုံးတွင် စက်တင်ဘာ ၂၈ ရက် ည (၅) နာရီ  ပိုးတွေ့လူနာပေါင်းမှာ ၁၃၀၇ ဦးရှိသွားပြီဖြစ်ကာ ပြန်လည်သက်သာလာ၍ ဆေးရုံက ဆင်းခွင့်၇သူပေါင်းမှာ ၈၀၉ ဦး ရှိပြီဟု Rakhine Covid-19 Watch ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.