Preview

တပ်မတော်မှ ပတ်ခတ်တိုက်မှု နောက်ထပ် ၁လ တိုးမြှင့်ကြောင်းထုတ်ပြန်

စက်တင်ဘာ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :8659
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂၉/၂၀၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုနောက်ထပ် တစ်လ တိုးမြှင့်ကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့် နယ်မြေများ မပါဝင်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် ( AA) ကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသဖြင့် ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၌ ပါဝင်လာမည် မဟုတ်ပေ။

တပ်မတော်၏ ကြေညာချက်ထဲတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့်ရပ်စဲထားခဲ့ပြီး နောက်ထပ် တစ်လ ထပ် တိုးမြှင့်ခြင်း ဖြစ်သည်။  

ထိုသို့ တိုးမြှင့်၇ခြင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire  ကို ထောက်ခံသော အားဖြင့် လည်းကောင်း ဆောင်ရွက်ခြင်းဟု ပါရှိသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.