နိရဥ္စရာ၊ အောက်တိုဘာ၁/၂၀၂၀
၇ခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် စက်တင်ဘာ ၁၆ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့ထိ စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့၇သည့် ပိုးတွေ့လူနာမှာ ၈၄၆ ဦးရှိခဲ့ပြီး ယင်းအထဲမှ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်၇သူမှာ ၆၆၈ ဦး ရှိကြောင်း သိ၇သည်။
စက်တင်ဘာ ၃၀ ရက်နေ့ထိ ဆေးရုံမှ ဆင်းခွင့်၇သူ ၆၄၂ ဦးရှိခဲ့ပြီး ယနေ့ အောက်တိုဘာ ၁ ရက်နေ့တွင် နောက်ထပ် ၂၆ ဦးဆင်းခွင့်ရရှိခဲ့သွားခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်၇သူ ၆၆၈ ဦးရှိသွားခြင်း ဖြစ်သည်။
သို့အတွက် လက်ရှိ စစ်တွေဆေးရုံကြီးတွင် ကုသမှုခံယူနေရသည့် လူနာ အရေအတွက်မှာ ၁၇၈ ဦးသာ ကျန်ရှိတော့ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က သူ၏ ဖေစ်ဘုတ်ခ်ပေါ်တွင် ရေးသား ဖော်ပြထားသည်။
ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းအထိ ၇ခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅၀၂ ဦးရှိပြီး တစ်ပြည်နယ်လုံး ဆေးရုံဆင်းခွင့်၇လူနာ ၁၀၆၄ ဦးကြောင်း၊ ရခိုင်တစ်ပြည်နယ်လုံး ဆေးရုံတွင် ကျန်ရှိနေသည့် လူနာမှာ ၄၃၈ ဦး ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်း ပြောပြချက်အရ သိ၇သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၃၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အ၇ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပိုးတွေ့လူနာ ၉၄၆ ဦးရှိခဲ့ပြီး လက်ရှိ တစ်နိုင်ငံလုံး အဖြေင့် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း ၁၃၃၇၃ ဦးရှိသွားခဲ့ပြီဖြစ်သည်။ သေဆုံးလူနာ ၂၆ ဦးရှိပြီး စုစုပေါင်း သေဆုံးသူမှာ ၃၁၀ ရှိသွားပြီဖြစ်သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းခွင့်၇သူမှာ ၃၅၄ ဦးရှိပြီး စုစုပေါင်း ဆင်းခွင့်၇သူမှာ ၃၇၅၅ ဦးရှိသည်ဟု သိ၇သည်။