Preview

ရန်ကုန်မှ ပိုးတွေ့သံဃာတော်အပါး၁၀၀အပါအဝင် ကိုဗစ်ကုသရေးဌာန (ဧရာ၀တီစင်တာ) သို့ ပစ္စည်း(၃၈)မျိုးပါ ပုံးပေါင်း၂၀၀ အလိုတော်ပြည့်ကျောင်းမှလှူဒါန်း

အောက်တိုဘာ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :7409
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၂/၂၀၂၀

Covid-19 ရောဂါပိုးတွေ့ ရန်ကုန်မှ သံဃာတော်အပါး ၁၀၀ နှင့် ဧရာ၀တီဖောင်ဒေးရှင်း ဥက္ကဠ ဇော်ဇော် ဦးဆောင်တဲ့ Covid-19 ယာယီကုသရေးဌာန(ဧရာ၀တီစင်တာ)သို့ အလိုတော်ပြည့်ကျောင်းကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်)မှ ပစ္စည်း(၃၈) မျိုးပါ ပုံးပေါင်း ၂၀၀ ကိုလှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

Covid-19 ရောဂါပိုးတွေ့ ရန်ကုန်မှ သံဃာတော်အပါး ၁၀၀ အတွက် ပစ္စည်း(၃၈) မျိုးပါ ပုံး(၁၀၀)ကို ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားလျှက် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဠ ဦးရှိန်ဝင်း နှင့် ဒုဥက္ကဠ ဦးသက်လင်း၊ အတွင်းရေးမှူး ဦးမျိုးမြင့် တို့အား စက်တင်ဘာ ၃၀ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း အသျှင်ကုမာ၇ (ဦးဇင်းဘီလူး) က ပြောကြားသည်။

ဧရာ၀တီဖောင်ဒေးရှင်း ဥက္ကဠ ဇော်ဇော် ဦးဆောင်တဲ့ Covid-19 ယာယီကုသရေးဌာန(ဧရာ၀တီစင်တာ)သို့ ဒီကနေ့ ပစ္စည်း(၃၈) မျိုးပါ - ပုံး ၁၀၀ကို အသျှင်ကုမာရနှင့် ရုပ်ရှင် သရုပ်ဆောင် မင်းသားကြီး နေထက်လင်းတို့ ကိုယ်တိုင် ဦးဇော်ဇော်ဆီသို့ စက်တင်ဘာ ၂၇ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိ၇သည်။

 “ ဦးဇင်းတို့ ပစ္စည်း ၃၈ မျိုးပါတဲ့ ပုံးပေါင်း ၁၀၀ ဆိုရင် ၂၅ သိန်းဖိုးရှိပါတယ်။ ပုံး၂၀၀ ဆိုရင် သိန်း ၅၀ ပေါ့။ ငွေကြေးတန်ဖိုးအားဖြင့် နည်းပေမယ့် အပြန်အအလှန် ကျေးဇူးတရားတွေကို အောက်မေ့တဲ့ အနေနဲ့ လှူဒါန်းတာဖြစ်ပါတယ်။ ရခိုင်မှာ လေဘေး၊ ရေဘေး၊ အခု စစ်ဘေးရှောင်တွေနဲ့ ကိုဗစ်ဖြစ်တဲ့အခါမှာလည်း ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်က လူမျိုး၊ ဘာသာမရွေး ကူညီလှူဒါန်းကြတယ်လေ။ ဒီကျေးဇူးတွေကို တုံ့ပြန်တဲ့အနေနဲ့ ရန်ကုန်မှာ ကိုဗစ်ရောဂါကြုံတွေ့လာ၇တော့ ဦးဇင်းတို့အနေနဲ့လည်း နိုင်တဲ့ ဘက်က ဝိုင်းကူတဲ့ သဘောနဲ့ လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကိုဗစ်ကာလတွင် အလိုတော်ပြည့်ကျောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ၇ခိုင်အတွက် ကျပ်ငွေသိန်း (၁၀၀၀) နီးပါးဖိုးရှိ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့သည်ဟုဆိုသည်။

“ ဦးဇင်းတို့ အလိုတော်ပြည့်ကယ်ဆယ်ရေးက ပစ္စည်း ၃၈ မျိုးပါ ဒီလိုပုံးပေါင်း ၁၀၀၀ လှူဒါန်းထားတယ်။ ၇ခိုင် ပုံး ၅၀၀နဲ့ ဒီရန်ကုန်မှာ အသည်းအသန်ဖြစ်လာတော့ ဒီမှာ ပုံး ၅၀၀ ပေါ့။ စုစုပေါင်း သိန်း ၂၅၀ ဖိုးရှိပါတယ်။ ရခိုင်အတွက်ဆိုရင် မြို့နယ် အသီးသီးကို Mask က ၄ သိန်းကျော်နေပြီ။ ဒါ့ပြင် ပိုးသတ်ဆေးဖြန်းတဲ့ စက်တွေ၊ PPE ဝတ်စုံတွေ၊ လက်ဆေးဗူးတွေ အကုန်လုံးဆိုရင်တော့ လှူဒါန်းတာ သိန်းတစ်ထောင်နီးပါးရှိနေပါပြီ။ ဝိုင်းဝန်းကူညီလှူဒါန်းကြတဲ့ တကာ တကာမတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဦးဇင်း ကုမာ၇က ပြောသည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်းပြင်ပေါ်ရှိ ယာယီစခန်း ဖွင့်လှစ် ထားသည့်  စစ်ဘေးရှောင်ပြည်သူများထံသို့  လက်ဆေးရည်များ - လက်ဆေးဘေဇင်းများ - Face Mask များကို စစ်တွေ တာဝန်ခံ ဦးဉာဏ နှင့် အဆိုတော် ရိုက်ဒါတို့က ကိုယ်တိုင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ဦးဇင်းကုမာ၇က ပြောကြားသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.