Preview

ကျောက်ဖြူတွင် ကိုဗစ်ကာလစည်းကမ်းမလိုက်နာသူများကို အရေးယူမှုစတင်မည်

အောက်တိုဘာ ၀၈/ ၂၀၂၀ | ကြည့်ရှုသူ :6626
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၈/၂၀၂၀

၇ခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာပါက သဘာ၀ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၀)၊ ပုဒ်မခွဲ (က)ဖြင့် အောက်တိုဘာ ၉ ရက်နေ့မှ စ၍ အရေးယူသွားမည် သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ် ၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါကြောင့် သေဆုံးသူ မရှိသေးသော်လည်း ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့နယ်သည် စစ်တွေမြို့နယ်ပြီးလျှင် ဒုတိယ ရောဂါပိုးတွေ့ရှိသူ အများဆုံး မြို့နယ်ဖြစ်သည်။

Rakhine Covid-19 Watch အဖွဲ့၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ရ ရက် ညနေ ၆ နာရီ အချိန်ထိ ကျောက်ဖြူမြို့နယ်တွင် ရောဂါ ပိုးတွေ့ရှိသူပေါင်းမှာ ၂၄၈ ဦးရှိသွားပြီဖြစ်သည်။ ပြန်လည် သက်သာလာ၍ ဆေးရုံက ဆင်းခွင့်၇သူမှာ ၁၈၉ ဦးရှိသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “ အဓိကတော့ စည်းကမ်းမလိုက်နာရင် သဘာ၀ ဘေးန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့  အရေးယူလို့ရတယ်ဆိုတာကို လူတွေကို သိစေချင်လို့ ဒီဥပဒေကို ထည့်ရေးထားတာပါ။ လက်လုပ်လက်စားတွေ၊ ပန်းရံသမားတွေ၊ ဆိုင်ကယ်ဘေးတွဲနဲ့ ဆိုက်ကားသမားတွေ အနေနဲ့ အပြင် ထွက်လို့ရပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ Mask တပ်တာတို့၊ ဦးထုပ်ဆောင်းတာတို့ လုပ်ရမယ်။ ပီးရင် ကဒ်ပြားထုတ်ပေးထားမယ်။ အဲဒီကဒ်ပြားတွေနဲ့ သွားလာလို့ ၊ အလုပ်ထွက်လုပ်လို့ ရပါတယ်။ အဓိကတော့ မလိုအပ်ပဲနဲ့ လူတွေကို အပြင်ကို မထွက်စေချင်တဲ့အတွက် ဒီစည်းကမ်းချက်တွေကို ထုတ်ရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုဗစ် ၁၉ ကာလ ကျောက်ဖြူတွင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များထဲတွင် အရေးကြီးသော အချက်များမှာ ကမ်းစပ်တွင် လမ်းလျှောက်ခြင်း၊ ဘောလုံးကစားခြင်း၊ အရက်သေစာသောက်စားခြင်း၊ ခြင်းလုံးကစားခြင်းတို့ကို လုံး၀ (လုံး၀) ခွင့်မပြုဟု ဖော်ပြထားသည်။

၎င်းပြင် မဖြစ်မနေ ဈေးဝယ်ရန်ရှိပါက အပြင်ထွက်ခွင့်ကဒ်ဖြင့် နှာခေါင်းစည်း ( Mask) တပ်ဆင်ပြီး နံနက် ၆ နာရီ နံနက် ၁၁ နာရီသာခွင့်ပြုမည် ဖြစ်ပြီး ကျန်အချိန်များတွင် အပြင်ထွက်ကဒ်ဖြင့် ခွင့်ပြုမည် မဟုတ်ဟု ဆိုသည်။
ကျန်းမာရေးကိစ္စနှင့် ပတ်သက်ပြီး ဆေးရုံ၊ ဆေးခန်းများသို့ သွားလိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာဖြင့်သာ သွားရမည်ဟု ပါရှိသည်။

နံနက် ၁၁ နာရီ နောက်ပိုင်းမှ စပြီး ကျန်းမာရေး ကိစ္စမှလွဲ၍  မည်သည့်အကြောင်းနှင့်မျှ အိမ်ပြင်ထွက်ခွင့် လုံး၀ ခွင်မပြု၊ မိမိနေအိမ်တွင်နေထိုင်ရန် အစိုးဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေသူများ မပါရှိဟု စည်းကမ်းချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာပါက သဘာ၀ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၀)၊ ပုဒ်မခွဲ (က) အ၇ ထောင် (၁) နှစ်ထိ ချမှတ်ခံ၇နိုင်မည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၉ ရက်နေ့မှ စတင် ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ထုတ်ပြနချက်တွင် ဖော်ပြထားသည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.