ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၆/၂၀၂၀
၇ခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် မြို့နယ်တချို့မှ ကျေးရွာအုပ်စု တချို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
၎င်းမြို့နယ် ၉ ခုမှ မောင်တော၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံ တို့ ဖြစ်ကြသည်။
မြို့နယ်တချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု တို့ပါဝင်သည်။
ရခိုင်တွင် ရွေးကောက်ပွဲအပြည့်အ၀ ကျင်းပနို်င်သည့် မြို့နယ် လေးခုသာရှိပြီး ၄င်းမှာ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲနှင့် ဂွမြို့နယ်တို့ဖြစ်သည်။