Preview

ကိုဗစ်လူနာတစ်ဦး စစ်တွေဆေးရုံတွင် ထပ်မံသေဆုံး၊၇ခိုင်တွင်သေဆုံးသူ ၁၀ဦးထိတိုးလာ

အောက်တိုဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :4619
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာလ ၁၇/ ၂၀၂၀

ကိုဗစ်ရောဂါလူနာတစ်ဦး စစ်တွေဆေးရုံတွင် ယနေ့နံနက် ၁၁နာရီ် ခွဲခန့်က သေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ အသက်(၄၁)ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွပ်မှ ဖြစ်ပြီး ဆေးကုသမှုခံယူရန်ရောက်ရှိနေသူဖြစ်ကြောင်း ရခိုင် ကိုဗစ်လေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းကပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကရောက်တာ။ အထူးကြပ်မတ်ဆောင်မှာ သေဆုံးသွားတာပါ။ အောက်ဆီဂျင်ပေးထားတဲ့ လူနာပေါ့။ သေတာနဲ့ချက်ချင်းသင်္ဂြိုလ်လိုက်၇တယ်” ဟုပြောသည်။

စစ်တွေဆေးရုံတွင် ယနေ့ သေဆုံးသူ တစ်ဦးအပါအဝင် စုစုပေါင်း ယနေ့ ရ ဦးထိရှိလာပြီဟုလည်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်မှ ထုတ်ပြန်ထားသည်။

ဒေါက်တာဇော်လွင်အား သေဆုံးသွားသည့် လူနာနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပဲ ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ထုတ်ပြန်ထားသည်မှာ အတည်ဖြစ်ကြောင်း Message မက်ဆေ့စ်ပြန်ပို့ကာ ဖြေကြားခဲ့သည်။

၇ခိုင်တွင် ယနေ့အချိန်အထိ ကိုဗစ်ကြောင့်သေဆုံးသူ ၁၀ ဦးအထိ ရှိသွားပြီဖြစ်ကာ စစ်တွေဆေးရုံတွင်(ရ) ဦး၊ ကျောက်တော်ဆေးရုံ(၁)ဦး၊ ပေါက်တောဆေးရုံမှ (၁)ဦးနှင့် စစ်တွေတပ်နယ်ဆေးရုံမှ တစ်ဦးတို့ ဖြစ်ကြောင်းသိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.