Preview

မင်းပြားမေလွမ်းရွာအနီးတိုက်ပွဲဖြစ်၊ ရွာအနီးကျည်ကျ၍ ရွာသားများကြောက်လန့်ထွက်ပြေး

အောက်တိုဘာ ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :7561
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းရွာအနီးတွင် ယနေ့ နေ့လယ် ၁ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ ရွာအနီးကျရောက်သဖြင့် ရွာသားများ ကြောက်လန့်ထွက်ပြေးနေကြရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

မေလွမ်းရွာသား တစ်ဦးက “ ပေါက်ကွဲသံက နေ့လယ် ၁ နာရီလောက်မှာ တောင်ပုတ်ကေရွာ အနီးက ကျောက်ကြီးတောင်ဘက်က ကြားရပါတယ်။ အဲဒီနေရာကို မေလွမ်းကဆိုရင် ၃ ဖာလုံလောက် ဝေးပါတယ်။ အဲဒီနောက် လက်နက်ကြီးလက်နက်ငယ် ပစ်သံကြားရပြီး ရွာအနီးမှာလည်း လာကျတဲ့ အတွက် ရွာသားတွေလည်း ငိုသူငို ပြေးသူ ပြေးနဲ့ မြစ်တစ်ဖက်ကမ်းကို ထွက်ပြေးကြပါတယ်” ဟု ပြောကြားသည်။

၎င်းရွာသား၏ အပြောအ၇ တိုင်းဗဟို (၉) ဘက်မှလည်း လက်နက်ကြီးဖြင့်ထုကြောင်း၊ မြစ်ထဲတစ်လုံးကျ၍ ငါးသလောက်ပိုက်မျောနေသူများ ကြောက်လန့်ထွက်ပြေးကြကြောင်း ၎င်းက ပြောကြားသည်။

“မေလွမ်းရွာဘက်ကို မင်းပြားဘက်ကနေ ကားလမ်းအတိုင်း လာတဲ့ စစ်ကြောင်းနဲ့ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အေအေနဲ့ ဖြစ်တာနေမှာပါ။ တိတိကျကျတော့  ကျနော် မပြောတတ်ဘူး။ ပေါက်ကွဲသံတွေကြားရပြီး သေနတ်သံတွေဆက်တိုက်ကြားရပါတယ်။ မေလွမ်းရွာထဲမှာ သက်ရွယ်ကြီးရွယ်အို အနည်းငယ်ကျန်ခဲ့ပြီး ကျန်တဲ့လူတွေ ထွက်ပြေးနေကြ၇ပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ပစ်ခတ်သံများကို ၁၅ မိနစ်ခန့်ကြားရပြီး လက်နက်ကြီးကျည်များ ရွာအနီး ကျသော်လည်း ရွာသားများအား ထိခိုက်မှု မရှိကြောင်း ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က “ ဟို မေလွမ်းရွာနဲ့ သိပ်မဝေးတော့တဲ့ တောင်ပုတ်ကေ ရွာအနီးမှာ ဖြစ်ကြတယ်လို့ ပြောတယ်။ ရာမောင်းတံတားနဲ့ မေလွမ်းရွာကြားဖြစ်ပေမယ့် မေလွမ်းဘက်ကို နီးသွားပါပြီ။ မေလွမ်းရွာထဲက အိမ်ခေါင်မိုးတွေကို ကျည်ဆံ လာထိတဲ့အတွက် ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြရတယ်လို့တော့ ရွာသားတွေ အကြောင်းကြားလာပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မင်းပြားမြို့နယ် မေလွမ်းရွာအနီးဝန်းကျင်တွင် တောတောင်များ ထူထပ်ပြီး တောင်ချိုင်များလည်း များသဖြင့် အဆိုပါရွာမြောက်ဘက် ကားလမ်းပေါ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်ဟု သိရှိ၇သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ယနေ့ ညနေပိုင် ၆ နာရီ မိနစ် ၄၀ ဝန်းကျင်ခန့်က  ဖုန်းသုံးကြိမ် ခေါ်ဆိုသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.