Preview

ရသေ့တောင်မှ လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရသွားသည့် ကျောင်းဆရာသေဆုံး

အောက်တိုဘာ ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :9140
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၉ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှ လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် ကျောင်းဆရာမှာ ရသေ့တောင်မှ စစ်တွေသို့ ယူဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ ဦးမောင်မောင်ဦး(၂၁)နှစ်မှာ  ငစံဘော်ကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည်။

ယနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က နွားရေတိုက်ရန် လယ်ကွင်းသို့ သွားချိန်တွင် ၇သေ့တောင်မြို့ဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

၄င်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ သူက ပညာရေးကောလိပ် ကျောင်းဆင်းလို့ ဒီနှစ်ပဲ အလုပ်ရတာ။ ရသေ့တောင်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးက ရွာလယ်ကွင်းမှာ ကျပေါက်တဲ့အချိန်မှ ထိတာ။ မျက်လုံးကို  ဖောက်ဝင်သွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ ပစ်တာ။ ၇သေ့တောင်ကနေ စစ်တွေကိုယူတဲ့ လမ်းမှာ သေတာ” ဟုပြောသည်။

မိသားစုဝင်များအား ဆက်သွယ်ရာတွင် သေဆုံးသူအနီးသို့ ရောက်ရှိနေသည့် နယ်ခံသတင်းထောက် တစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သူ၏ အမေဖြစ်သူမှာ စိတ်ထိခိုက်ပြီး စိတ်မူမှန်ဖြစ်နေသဖြင့် ၄င်းအား မေးမြန်းနိုင်ခြင်းမရှိသေးကြောင်း  ပြောသည်။

၇သေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ၄င်းသေဆုံးမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ရွာသားတွေပြောတာကတော့ ရသေ့တောင်ဘက်ကပစ်တာလို့ပြောတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ ဒီလိုအရပ်သားတွေ မထိခိုက်အောင်တော့ အစိုးရမှာ တာဝန်ရှိတယ်။ ကာကွယ်စောင့်ရှောက်၇မှာ ”ဟုပြောသည်။

သေဆုံးသူအား ရသေ့တောင်မြို့ဆေးရုံကြီးသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိ၇သည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.