Preview

အစိုး၇ကိုဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသား ၄ဦးအား နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ပြီးရမန်ယူ

အောက်တိုဘာ ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :9419
ရခိုင် သတင်း

သျှင်မင်းဇံ
စစ်တွေ၊ အောက်တိုဘာ ၂၀ / ၂၀၂၀

စစ်တွေမြို့တွင် အစိုး၇ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ယနေ့ အမှုဖွင့်ပြီး ၇မန် ၁၅ ရက်ယူသွားကြောင်း သတင်းရရှိသည်။

အမှုဖွင့်ခံလိုက်၇သည့် ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ၇ခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်သည်။

ကျောင်းသားများ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က " ဒီနေ့ စွဲတင်တဲ့ အမှုမှာ ပထမ အကြိမ် အမှုက ကျောင်းသားနှစ်ဦးပါတယ်။ ကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်။ ပြီးတော့ အခု အသစ်နှစ်ယောက်က မြတ်စိုးဝင်နဲ့ ကောင်းထွန်း သူတို့လေးယောက်ကို စစ်တွေမြို့နယ်ရဲမှူး ဦးဇော်နိုင် ကပဲ တရားလို လုပ်ပြီးတော့ ၅၀၅ (ခ)နဲ့ ဒီနေ့ တရားစွဲတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်တယ် " ဟု ပြောသည်။

၎င်းတို့အား ယနေ့ စစ်တွေမြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း၊ ၇မန်ကြီး ၂ ပတ်ယူသွားကြောင်း  ဦးကျော်ညွန့်မောင်က ပြောသည်။

အမှုဖွင့်ခံလိုက်၇သည့်ကျောင်းသား ၄ ဦးသည် အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲက ရဟန်းသံဃာများ၊ ဒေသခံပြည်သူများနှင့်အတူ စစ်တွေမြို့တွင် ချီတက်ဆန္ဒပြခဲ့ကြသည့် ကျောင်သားများ ဖြစ်ကြပြီး ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြ၇သည်။

ယမန်နေ့ ဆန္ဒပြပွဲတွင် ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ No Bloody Government, No Murder Army၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out၊ ၇ခိုင်သည် ကျွန်မျိုး မဟုတ်စသည့်အချက်များကို ကြွေးကြော်ကာ တောင်းဆိုဆန္ဒခဲ့ကြသည်။

နောက်လာမည့် နိုဝင်ဘာလ ၃ ရက်နေ့ကို ထပ်မံ ရုံးချိန်း ပေးလိုက်ကြောင်း၊ ၎င်းတို့ကို စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိ၇သည်။

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.