Preview

၇သေ့တောင်မြို့ပေါ်မှ အသက် ၆၀ ကျော်အရွယ် လူကြီးနှစ်ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :4185
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမေမြ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၀

ရခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့မှ အသက် ၆၀ ကျော်အရွယ် လူကြီးနှစ်ဦးဖြစ်ကြသည့် ဦးဦးသိန်းမောင်နှင့် ဦးဦးသာဇံတို့ကို လက်နက်ကိုင် အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

မျက်မြင် ဒေသခံများအပြောအရ ယနေ့နံနက်က ဦးဦးသိန်းမောင်ကို ငလပြားဆိပ်ကမ်းတွင် ဖမ်းဆီးပြီး ဦးဦးသာဇံကို ရေပိုက်ဆုံဘက်မှ ဘေးစီမံအစီအစဉ်ဖြင့်ကယ်ဆယ်ရေး ပေး၍ ပြန်အလာ တွင် ငလပြား ဆိပ်ကမ်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဒေါ်ခင်စောဝေ အပါအဝင် ဘေးစီမံအဖွဲ့ဝင်များနှင့် အတူ ဦးဦသိန်းမောင်၊ ဦးဦးသာဇံတို့ ဘေးစီမံအစီအစဉ်ဖြင့် ရေပိုက်ဆုံ ကျေးရွာသို့ ရိက္ခာများ အကူအညီပေးရန် သွားရောက်စဉ် ငလပြား ဆိပ်ကမ်းတွင် ဖမ်းဆီး ခေါ်ဆောင်ခံ၇သည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ဒေါ်ခင်စောဝေအား မေးမြန်းရန် ဖုန်းဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

မည်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိ၇သေးကြောင်း၊ ယနေ့ ညနေ ၅ နာရီကျော်ထိ အဆက်အသွယ် မရသေးကြောင်း၊ မိသားစုများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ဆွေမျိုးတစ်ဦးမှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.