အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၀
၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် ယနေ့ နံနက် ၈ နာရီခန့်က ရေတပ်မှ ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံ၇၍ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသဖြင့် စနဲဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
၄င်းတို့မှာ စနဲမြို့အပြင်ဖက်ရှိ ရေတပ်သို့သွားလမ်း အ၀တောင်ကျေးရွာအုပ်စုရှိ ရေနံသူ တံတားထိပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နေရာတွင် ပွဲချင်းပြီးသေဆုံးသူတစ်ဦးရှိခဲ့ပြီး ဆေးရုံရောက်ပြီးမှ နောက်ထပ် တစ်ဦးသေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း စနဲမြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းကြိုင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
“ဖြစ်တဲ့နေရာက စနဲမြို့ကနေ တစ်နာရီလောက်သွားရတယ်။ ရေတပ်သွားလမ်းမှာဖြစ်တာ။တပ်ကအဖွဲ့တွေ စနဲကို ဈေးလာဝယ်ရင်း အပြန်မှာဖြစ်တာလို့ အကြမ်းဖျင်းသိရတယ်ဗျ။ ဒဏ်ရာရတဲ့လူတွေကို အနီးအနား ဆိုတော့ စနဲဆေးရုံကိုပို့ပါတယ်။ ဒီကို ရောက်တာတော့ ဒဏ်ရာရတဲ့သူသုံးယောက်ပါ။ သေသွားတဲ့လူက တစ်ယောက်ပါလာပါတယ်။ ဘယ်အဆင့်တွေတော့ ကျွန်တော်လည်းမသိဘူး။ မသိဘူးဆိုတာက သူတို့က အရပ်ဝတ်နဲ့ကို” ဟုပြောသည်။
ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်းဖြင့် နောက်ထပ်တစ်ဦးမှာသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ အသက် ၃၀ ကျော်နှင့် ၄၀ ကျော်အရွယ် အမျိုးသားများဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
“နှစ်ယောက်သေပြီး ကျန်ခဲ့တဲ့ နှစ်ယောက်ကတစ်ယောက်မှာ ညာဖက်ခြေထောက် ဒူးခေါင်းနားက ပြတ်သွားတယ်။ ကျန်တစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ။” ဟုပြောသည်။
၄င်းရေတပ်စခန်း၏ အမည်ကို မသိသော်လည်း အ၀တောင်ကျေးရွာအုပ်စုအပိုင်တွင်စခန်းချသည့် ရေတပ်စခန်းဖြစ်ကြောင်း သူကဆက်ပြောသည်။
အရပ်သားထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ ၄င်းမိုင်းပေါက်ကွဲရာတွင် ကားမှာ လုံး၀ပျက်စီးသွားကြောင်း သိ၇သည်။
၄င်းပေါက်ကွဲမှုနှင့်ပတ်သက်၍ စနဲမြို့ရှိနေရာအချို့တွင် လုံခြုံရေးများချထားကြောင်း ၄င်း မြို့နယ် အုပ်ချုပ်ရေးမှူး ပြောပြချက်အရသိ၇သည်။