Preview

ရခိုင်အမျိုးသားပါတီ ဂွ၊တောင်ကုတ်၊ သံတွဲမြို့နယ်များကို ဇက်သင်္ဘောဖြင့်သွားရောက်မဲဆွယ်မည်

အောက်တိုဘာ ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :5354
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၂၄/ ၂၀၂၀

ရခိုင်အမျိုးသားပါတီ (ANP)သည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းရှိ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်များသို့ စစ်တွေမြို့မှ ဇက်သင်္ဘောဖြင့် သွားရောက်မဲဆွယ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၇ခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှ မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ကြေညာပြီးနောက် ရခိုင်မှ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် ANP အောင်နိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လာခြင်း ဖြစ်သည်။

“ မနက်ဖြန် စစ်တွေကနေ စထွက်မယ်။ ပထမဆုံး တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်ကို သွားမယ်။ ဂွမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး လုပ်မယ်။ ပီးရင် သံတွဲကို လာမယ်။ သံတွဲကနေ တောင်ကုတ်၊ ရမ်းဗြဲနဲ့ မာန်အောင်တို့မှာ ဆက်လက် မဲဆွယ်စည်းရုံးရေးတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၇သေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြားသည်။

ထိုသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပါတီ အမာခံ ၅၀ ခန့် ပါဝင်မည်ဖြစ်ပြီး ရခိုင်တေးသံရှင်များလည်း ပါဝင်မည်ဖြစ်ကာ မဲဆန္ဒရှင် ပြည်သူများကို ဖြေဖျော်သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယနေ့ ညနေပိုင်းကလည်း ၎င်းဇက်ရေယာဉ် အလှပြ သင်္ဘောဖြင့် ပါတီအောင်လံများ စိုက်ထူ၍ စစ်တွေမြို့ရှိ BXT ကိုးရီးယားဆိပ်ကမ်း အနီး ကုလားမြစ်တွင် ပါတီအောင်နိုင်ရေးသီချင်းများ သီဆိုကာ အင်အားစည်းရုံးမှုကို ပြုလုပ်ခဲ့ရာ ရခိုင်အဆိုတော် ဦးမောင်သိန်းက လာရောက်ဖြေဖျော်ပေးခဲ့သည်ဟု သိ၇သည်။  

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.