Preview

မင်းပြားနှင့်ပေါက်တောမြို့နယ်နှစ်ခုမှ တစ်ရက်တည်းအတွင်း ကျည်ထိမှန်၍ ဆေးရုံတင်၇သူ ၉ ဦးရှိ

အောက်တိုဘာ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :4657
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၂၉/ ၂၀၂၀

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်မှ ကျေးရွာ ၃ ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးငယ် ၃ ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ် စက္ကရေကျေးရွာမှ မသန်းသန်းစိုး(၁၄)နှစ်၊ မဌေးဌေးဝေ(၁၃)နှစ်၊ ဦးအောင်ကျော်နု(၆၀)နှစ်နှင့် သက်ပုန်းကျေးရွာမှ ဦးမျိုးမင်းဇော်(၃၂)နှစ်တို့ ဖြစ်ကြသည်။

ပေါက်တောမြို့နယ် ကျော်ရှင်ကျေးရွာမှ မဦးမြဝင်း(၆)နှစ်၊ မသန်းနုဝင်း(၂၅)နှစ်၊ မသန်းနုခင်(၂၇)နှစ်၊ ဒေါ်မထွန်းစိန်(၅၈)နှစ်နှင့် ဦးအောင်သာမောင်(၅၃)နှစ်တို့ ဖြစ်ကြသည်။

သက်ပုန်းကျေးရွာမှ ဦးမျိုးမင်းဇော်၏ ယောက္ခထီးဖြစ်သူ ဦးကျော်မောင်ဦးက “ကျွန်တော့သမက်ရဲ့ အိမ်နားမှာ ပေါက်ကွဲတာပါ။ ပေါက်တဲ့နေရာနဲ့ ပေသုံးဆယ်နီးပါးလောက်အဝေးမှာကနေ သူ့ဆီထိခဲ့တာပါ။ ပြင်းအားများလို့ လက်နက်ကြီးကျည်ကျတဲ့နေရာမှာ တွင်းခေါင်းကြီးတောင်ဖြစ်သွားတယ်။ သူ့ခေါင်းကို ကျည်စလာထိခဲ့တယ်။ အခု မင်းပြားဆေးရုံမှာသူ့ခေါင်းက ကျည်စထုတ်နေ၇ပါတယ် ” ဟုပြောသည်။

ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် မင်းပြားမြို့မှ ပြန်ဆင်းလာသည့် ဇက်ရေယာဉ်နှစ်စီးမှ ပစ်ခတ်ချိန်တွင် လက်နက်ကြီးကျည် ရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိပဲ အခုလို ဖြတ်သွားရင်းပစ်တာကတော့ မကောင်းဘူးပေါ့။ အကြောင်းမဲ့ သက်သက် ဒီလို ဖြစ်သွားရတာ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်အိမ် ကိုယ့်ရွာမှာ နေရင်းနဲ့ ထိခိုက်ခဲ့ကြ၇တာပါ” ဟု ၎င်းက ပြောသည်။

ပေါက်တောမြို့နယ်ကျော်ရှင်ကျေးရွာမှ ဒဏ်ရာ ရရှိသူ ၅ ဦးကို ပေါက်တောမြို့နယ် ဆေးရုံကို ပို့ဆောင် လိုက်ရသည်ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ ပေါက်ဆိန်ကျမြစ်ကနေပစ်တာပါ။ နေ့လယ်  ၁၂ နာရီကျော်လောက်ရှိမယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာပါ။ ငါးယောက်ထိခိုက်ဒဏ်ရာရပါတယ်။ အခုပေါက်တောဆေးရုံမှာပါ။ လူနာတွေကို ဆေးကုသ နေကြပါတယ်။ ခန္ဓာကိုယ်တွေမှာ ကျည်စထိမှန်ကြတာပါ။ အသက်ခြောက်နှစ်ကလေးမှာကတော့ ပေါင်တို့၊ လည်ဂုတ်တို့၊ လက်တို့မှာ ထိပါတယ်။ အခုလိုတိုက်ပွဲဖြစ်တာမရှိပဲ ရမ်းသမ်းပစ်ခတ်တာတွေကို နောက်ထပ် မလုပ်စေချင်ဘူး” ဟုပြောသည်။

ယနေ့နံနက်က မင်းပြားမြို့နယ် စက္ကရေကျေးရွာမှ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာလည်း ပေါက်တောဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ပေါက်တောဆေးရုံတွင် စုစုပေါင်း ရ ဦးခန့် ရောက်ရှိလာကြောင်း ၊ပေါက်တောမြို့နယ်မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုကျော်ကျော်ခို်င်၏ ပြောပြချက်အရသိ၇သည်။

စစ်တွေဆေးရုံသို့ ယနေ့နံနက်က ၄င်းစက္ကရေကျေးရွာမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သူ မသန်းသန်းစိုးအား ညာတင်ပါးတွင် ကျည်စထိမှန်ဒဏ်ရာဖြင့် စစ်တွေသို့ ရေကြောင်းဖြင့် အရေးပေါ် ပို့ဆောင်ခဲ့၇သည်။

စစ်တွေဆေးရုံတွင် ၁ ဦး၊ ပေါက်တောဆေးရုံတွင် ရ ဦးနှင့် မင်းပြားဆေးရုံတွင် ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ တစ်နေ့တည်း၌ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိ၇သည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကလည်း အဆိုပါ ကျော်ရှင်ရွာတွင် လက်နကြီးကျည် ထိမှန်သည့် ကိစ္စမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့သဖြင့် တပ်မတော်၏ သဘောထားကို တင်ပြနိုင်ခြင်းမရှိပါ။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.