Preview

နိုဝင်ဘာ ၁ရက်နေ့ ပြုလုပ်မည့် အမ်းမြို့နယ် ANP ပါတီ၏ အင်အားပြမဲဆွယ်စည်းရုံးရေး မြို့နယ်ကော်မရှင်ခွင့်မပြု

အောက်တိုဘာ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :3891
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂၉/ ၂၀၂၀

နိုဝင်ဘာ ၁ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင် ရခိုင်အမျိုးသားပါတီ (ANP)၏ အင်အားပြ မဲဆွယ်စည်းရုံးရေးအား မြို့နယ်ကော်မရှင်က ခွင့်ပြုမည်မဟုတ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်နေ့ အမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ANP ၏ အင်အားပြလှည့်လည်ခွင့်တင်ပြထားခြင်းနှင့် ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဥက္ကဋ္ဌ ဦးတင်မောင်ချေက ခွင့်မပြုကြောင်း အမ်းမြို့နယ် ၇ခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌထံသို့ ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် “အမ်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များပေါ်တွင် အင်အားပြမဲဆွယ်စည်းရုံးလှုံ့ဆော်မှုကို နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ရည်ညွှန်းပါစာဖြင့် တင်ပြလာပါသည်။ ၇ခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အခြေနေအရ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားလျှက်ရှိရာ မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်၍ လမ်းပေါ်မှာ ပန်းဖလက်ဝေခြင်း၊ ဗွီနိုင်းထောင်ခြင်းများသာ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်” ဟု ဖော်ပြပါရှိပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ANP ပါတီ ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “အဲဒါကို ကျွန်တော်တို့ အွန်လိုင်းမှာတော့ တွေ့တယ်ပေါ့နော်။ ပါတီကိုတော့ တရားဝင် မပြောသေးဘူး။ ဗဟိုဌာနချုပ်ကို တရားဝင် အကြောင်းမကြားသေးဘူး။ ကျွန်တော်တို့လည်း မေးကြည့်ဦးမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ အင်အားပြလှည့်လည်ခွင့် တင်ပြထားခြင်းနှင့် စပ်လျဉ်း၍ ခွင့်မပြုပါကြောင်း မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်နှင့်အညီသာ ဗီနိုင်းထောင်ခြင်း၊ ပန်းဖလက်ဝေခြင်းများ ဆောင်ရွက်သွားကြရန် အကြောင်းကြားသည်ဟု လည်း ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က “၇ခိုင်ပြည်မှာ ၁၇ မြို့နယ်လုံးမှာ Stay at Home ကာလ သတ်မှတ်ထားတယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ကြီးဌာနက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ စံပြုလုပ်ငန်း လမ်းညွှန်ဆိုပြီးတော့ SOP Part 1၊ Part 2 ဆိုပြီး ထုတ်ထားတယ်။ အဲဒီမှာ ပါတယ်ပေါ့။ ကျွန်တော်တို့ ခရိုင်အနေနဲ့ရော ပြည်နယ် အနေနဲ့ရော ဒီညွှန်ကြားချက်အတိုင်း လုပ်ကြပါ။ စည်းဆွယ်လှည့်လည်ပြီး အဲလိုမျိုး အင်အားပြတာ ဘာညာ အဓိကကတော့ ကိုဗစ် ကူးစက်မှာ ကြောက်တဲ့အတွက် ကိုဗစ်ညွှန်ကြားချက်နဲ့အညီ လုပ်ကြပါဆိုပြီးတော့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီကို ခွင့်ပြုချက်လာတင်ရင်လည်း ဘယ်ပါတီပဲဖြစ်ဖြစ် ခွင့်ပြုမထားပါဘူး။ တစ်ခု ဖြေလျော့ ပေးထားတာက ဗီနိုင်းစိုက်ရမယ်၊ လက်ကမ်း ပိုစတာတွေကို ကျန်းမာရေး သတ်မှတ် အကွာအဝေးအတိုင်း ပေါ့နော်၊ လူမထူထပ်ပဲ ဝေပါဆိုပြီး ပြည်နယ်ကနေ လုပ်ခိုင်းထားပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.