Preview

ကမ်းကပ်ခွင့် မရသော ANP မဲဆွယ်စည်းရုံးရေရေယာဉ် ပြည်သူစိတ်ဝင်စားမှုနှင့် ကြိုဆိုမှုများပြား

အောက်တိုဘာ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :1952
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၃၀/၂၀၂၀

ရခိုင်ပြည်နယ်မှ မြို့နယ်အများအပြားတွင် လှည့်လည်မဲဆွယ်နေသည့် ရခိုင်အမျိုးသားပါတီ (ANP)၏ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ရေယာဉ်မှာ ကိုဗစ်ကြောင့် ကမ်းကပ်ခွင့်မရသော်လည်း လူထု စိတ်ဝင်စားမှုများနှင့် အတူ နေရာတိုင်းတွင် ကမ်းပေါ်မှ ပြည်သူများ၏ ကြိုဆိုမှုများကို ရရှိနေသည်ဟု သိ၇သည်။

၎င်း၏ မောင်တော- ဘူးသီးတောင် မဲဆန္ဒနယ် ပယ်ဖျက်ခံရပြီးနောက် ၎င်းရေယာဉ်ဖြင့် ဦးဆောင် မဲဆွယ် စည်းရုံးရေးပြုလုပ်နေသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက လူထုစိတ်ဝင်စားမှုနှင့် ပါတီအပေါ် ထောက်ခံမှုများ တိုးပွားလာ၍ ဝမ်းသာအား၇ကြောင်း ပြောကြားသည်။

“ အခု ကျွန်တော်တို့ မာန်အောင်မြို့ ဆိပ်ကမ်းကို ရောက်ရှိနေပါပြီ။ မာန်အောင်လူထုကလည်း ကမ်းပေါ်က အများအပြားကြိုဆိုနေတာကို တွေ့ရပါတယ်။ အခု မာန်အောင်လူထုကို အဆိုတော် ကိုဦးမောင်သိန်း၊ ကိုမောင်ကျော်သာတို့က ဖြေဖျော်နေပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ လူထုကြိုဆို အားပေးထောက်ခံမှု ရရှိနေတာကိုတွေ့ရပါတယ်။ အားရစရာကောင်းပါတယ်” ဟု ယနေ့နံနက် ၁၀ နာရီခွဲက ဆက်သွယ်မေးမြန်းစဉ် ဥက္ကဋ္ဌ ဦးသားထွန်းလှက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

၎င်းမဲဆွယ်ရေယာဉ်သည် အောက်တိုဘာ ၂၆ ရက်နေ့က ဂွမြို့သို့ ရောက်ရှိလာရာ မြို့အာဏာပိုင်များက ကိုဗစ် ၁၉ ရောဂါကြောင့် ကမ်းကပ်ခွင့်မပြုခဲ့သော်လည်း လူပေါင်းထောင်ချီ၍ ဆိပ်ကမ်းမှ အလံများ၊ လက်များ ဝှေ့ယမ်းကာကြိုဆိုခဲ့ကြသည်ဟုဆိုသည်။

မဲဆွယ်ရေယာဉ်ပေါ်မှ ရခိုင်မှ နာမည်ကြီးအဆိုတော် ဦးမောင်သိန်းက ရခိုင်သီခြင်းများ၊ ပါတီအောင်နိုင်ရေး သီခြင်းများဖြင့် ဖြေဖျော်ခဲ့ကြသည်ဟု သိ၇သည်။

အောက်တိုဘာ ၂၇ ရက်နေ့က ဂွမြို့နယ် ကမ်းသာယာ၊ အောက်တိုဘာ ၂၈ ရက်နေ့က သံတွဲ ဆင်ခေါင်း၊ အောက်တိုဘာ ၂၉ ရက်နေ့က တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ် မကျည်း၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် မာန်အောင်မြို့တို့တွင် လှည့်လည် မဲဆွယ်နေရာ နေရာတိုင်းတွင် ပြည်သူအများအပြားက ကြိုဆိုကြကြောင်း သိ၇သည်။  

၎င်း ANP မဲဆွယ်စည်းရုံးရေး ရေယာဉ်မှာ ကမ်းကပ်ခွင့်မရ၍ သောက်သုံးရေ၊ ချိုးရေများ ပြတ်လပ်နေပြီး တောင်ကုတ်ချောင်းထဲမှ ရေများကို စက်ဖြင့်စုတ်ယူပြီး တင်ယူလာခဲ့ရသည်ဟု သိ၇သည်။

၎င်းရေယာဉ်ပေါ်တွင် ပါလာသူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ ဒီမဲဆွယ်စည်းရုံး ရေယာဉ်မှာ အခက်အခဲကတော့ ရေအခက်အခဲဖြစ်နေတယ်။ အာဏာပိုင်တွေက ကမ်းကပ်ခွင့် မပြုတဲ့ အတွက် ချိုးရေက လုံး၀ မရှိဖြစ်နေတယ်။ မနေ့ကတော့ တောင်ကုတ် ချောင်းရေက ရေချိုတော့ အဲဒီချောင်းက ရေတွေကို စက်နဲ့ သင်္ဘောပေါ် စုတ်တင်ခဲ့ပြီး အသုံးပြုနေကြရပါတယ်။ ဘယ်လိုပဲ အခက်အခဲရှိပါစေ။ ဒီခရီးစဉ်အောင်မြင်အောင် ဆောင်ရွက်သွားမယ်။ ဒီခရီးစဉ်ဟာ ပါတီမဲဆွယ် ခရီးစဉ်ဖြစ်ပေမယ့် ရခိုင်အမျိုးသားအချင်းချင်း ပေါင်းစည်း ညီညွတ်ရေးနဲ့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်တဲ့ အတွက် အင်မတန်မှ အကျိုးရှိတဲ့ ခရီးစဉ် ဖြစ်ပါတယ်”ဟု ပြောကြားသည်။

မာန်အောင် ခရီးစဉ်ပြီးသည့်နောက်ပိုင်း ရမ်းဗြဲ ကျောက်နီမော်တွင် ဆက်လက် မဲဆွယ်စည်းရုံးရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု သိ၇သည်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.