Preview

တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူအမ်းဒါးလက်ရွာသား ၁၄ ဦးကိုပြန်လွှတ်ပေး

နိုဝင်ဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :2790
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁/၂၀၂၀

၇ခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်ချောင်းမှ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးကို ယမန်နေ့ မွန်းလွဲက ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်လာသူ ၁၄ ဦးတွင် ဒါးလက် မြောက်ဘက်ရွာမှ ၁၂ ဦးနှင့် ရှမ်းကုန်းရွာမှ ၂ ယောက်ဖြစ်ကြောင်း ဒါးလက်အလယ်ကျွန်းဆရာတော်က မိန့်ကြားသည်။

“ လွတ်လာတာ စုစုပေါင်း ၁၄ ယောက်၊ ဒါးလက် မြောက်ရွာမှ ၁၂ ဦးနှင့် ရှမ်းကုန်းရွာမှ ၂ ယောက်ဖြစ်တယ်။ သူတို့ မနေ့က မွန်းလွဲပိုင်းမှာ ရွာကို ပြန်ရောက်လာပါတယ်။ နှိပ်စက်တာ၊ ဒဏ်ရာရတာတွေ မရှိပါဘူး။ အဓိက နယ်မြေကျွမ်းသူတွေဖြစ်ကြတဲ့ နယ်မြေအနေအထားတွေကို မေးစမ်းပုံရပါတယ်။ ရက်ပေါင်း တစ်ဆယ်ကျော် လောက်တော့ နေခဲ့ရတာပေါ့” ဟု ဆရာတော်က မိန့်ကြားသည်။

ဒါးလက်မြောက်ဘင်ရွာမှ လွတ်လာသူ ၁၂ ဦးမှာ ဦးဌေးမောင်(၄၃)နှစ်၊ ဦးညီညီအောင်(၃၅) နှစ်၊ ဦးလင်းဝေ(၃၇) နှစ်၊ဦးကျော်ဌေးလှိုင်(၃၅) နှစ်၊ ဦးတင်ရွှေ(၃၀) နှစ်၊ ဦးညီသိန်း(၃၀) နှစ်၊ ဦးညီဝင်း(၃၃) နှစ်၊ ဦးမောင်ကြည်သန်း (၂၈) နှစ်၊ ဦးခင်မောင်မြင့်(၃၀) နှစ်၊  ဦးဆန်းဝင်မောင်(၄၀) နှစ်၊ ကိုစိုးမင်းဌေး(၂၅) နှစ် နှင့် ကိုစိုးမင်းခိုင်(၂၀) နှစ်တို့ ဖြစ်ကြသည်။

ရှမ်းကုန်းရွာမှ လူနှစ်ယောက်၏ အမည်ကို မသိ၇ကြောင်း ပြောကြားသည်။

၎င်းတို့သည် ရေလုပ်သားများ ဖြစ်ကြပြီး အောက်တိုဘာလ ၂၀ ရက်နေက ငါးဖမ်း၍ အပြန် ရှမ်းကုန်းဒါးလက်အနောက်ဖက်ကျေးရွာအနီး စခန်းချနေသည့် တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူ စစ်ဆေးခံခဲ့ကြ၇သူများ ဖြစ်ကြသည်။

အမ်းမြို့နယ်မှ လူမှုရေး ဆောင်ရွက်နေသူ ကိုမျိုးလွင်ကလည်း သူတို့ လွတ်မြောက်လာသည်ကို အတည်ပြု ပြောကြားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.