Preview

စစ်တွေတွင် အသက်၄၇ နှစ်အရွယ် ရောဂါအခံမရှိသည့်ကိုဗစ်လူနာတစ်ဦးသေဆုံး၊ ၇ခိုင်တွင်သေဆုံးသူ ၂၇ ဦးထိတိုးလာ

နိုဝင်ဘာ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :5096
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ နိုဝင်ဘာ ၂၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အသက် ၄၇ နှစ်အရွယ် ရောဂါအခံမရှိသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး ယမန်နေ့ညက  သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပေါက်တောမြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ရောဂါအခံမရှိသည့် အမျိုးသမီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“သူက ပထမက ပေါက်တောဆေးရုံမှာ ကုသမှုခံယူနေတာ။ အဲဒါ ရောဂါက ပြင်းလာလို့ စစ်တွေကို ယူလာတာပေါ့။ မပြင်းထန်ဘူးဆိုရင် ပေါက်တောမှာပဲ ဆက်ကုလို့ရှိမှာပေါ့နော်။ မနေ့ညက ဆုံးတာ” ဟု နိရဥ္စရာသို့ ပြောသည်။

သူဆုံးသူမှာ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီး၏ လူနာအမှတ်မှာ ၆၀၁၉၆ ဖြစ်ကြောင်း ဒေါက်တာဇော်လွင်က ဆက်ပြောသည်။

သေဆုံးသူအား ပေါက်တောဆေးရုံမှ စစ်တွေဆေးရုံသို့ နိုဝင်ဘာ ၉ ရက်နေ့က ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

၇ခိုင်ပြည်နယ်တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၂၇ ဦး ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာမှာ ၃၃၀၆ ဦးရှိကြောင်း၊ဆေးရုံက ဆင်းသွားသည်မှာလည်း ၃၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.