Preview

မင်းပြားမြို့နယ်မှ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသော မွတ်စလင်လူငယ် စစ်တွေဆေးရုံသို့ရောက်ရှိလာ

နိုဝင်ဘာ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :7654
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်မိုင်းပေါက်ကွဲမှုကြောင့်ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော မူဆလင် လူငယ်သည် ယနေ့ နေ့လယ် ၁နာရီခွဲအချိန်ခန့်က မြောက်ဦးမြို့နယ် မြောင်းဘွေ တိုက်နယ် ဆေးရုံမှတဆင့် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာသည်။

ဒဏ်ရာရရှိခဲ့သူမှာ မင်းပြားမြို့နယ် ဟာလပိုင်ကျေးရွာ မောင်ဒွါလုခါး အသက်(၁၉) နှစ်ဖြစ်ကြောင်းသိရှိ၇သည်။

၄င်းသည် ယမန်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က မင်းပြား- မြောက်ဦးလမ်းဆုံမှ တစ်ဖာလုံခန့် ကွာဝေးသည့် ကြက်မတည်ရွာ ကွမ်းသီးခင်းတွင် ကွမ်းသီးကောက်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် သူ့၏ ခြောက်ထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒဏ်ရာရရှိသွားသူ၏ မိခင်ဖြစ်သူ ဒေါ်ဇန်ဟိန်ဒါက ပြောသည်။

ယခုမိုင်းပေါက်ကွဲသည့် ကြက်မတည်ကျေးရွာနှင့် ဟာလပိုင်ကျေးရွာသည် မိုင်ဝက်ခန့်သာကွာဝေးကြောင်း သိရှိ၇သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွမ်းသီးခင်းပိုင်ရှင်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းယူသွားကြောင်း သိရှိ၇သည်။

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.