Preview

စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန် ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အကူအညီပေးရန်လိုလား

နိုဝင်ဘာ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :3706
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်က Dr Gautam Kumar Pandey ရခိုင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အကူအညီပေးရန် လိုလားကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် သီးသန့်တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း သိ၇သည်။

ယနေ့ နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ နေအိမ်သို့ လာရောက်တွေ့ဆုံစဉ် ထိုသို့ ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိ၇သည်။

“နယ်မြေဒေသကလည်း ငြိမ်သက်လာပြီဆိုတော့ ဒီက ဒေသခံတွေကို ဘာတွေ လိုအပ်ချက်တွေရှိမလားဆိုပြီး လာမေးတာ။ လောလောဆယ်မှာ ဘာတွေ လိုအပ်ချက်တွေ ရှိမလဲဆိုပြီးတော့ပေါ့” ဟု ရခိုင်ပြည်နယ် ၇ခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြောသည်။

စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် က ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် လိုအပ်ချက်များအား ကူညီပေးရန်လိုလားကြောင်း၊ စစ်ဘေးရှောင်များ စားသောက်နေထိုင်ရေးနှင့် ပြန်လည် နေရာချထားရေးအတွက် အဓိကထား ဆောင်ရွက်ပေးရန် ကောင်စစ်ဝန်ချုပ်ကို အကြံပြုခဲ့ကြောင်း ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ လောလောဆယ်မှာ စစ်ဘေးရှောင်တွေ အဓိက အိမ်ပြန်နိုင်ဖို့၊ အိမ်တွေမရှိတော့ဘူး။ ဒါကြောင့် အိမ်တွေ ဆောက်လုပ်နိုင်ဖို့အတွက် လိုအပ်ဖို့ဆိုပြီး ကို်ယ့်နေရပ်ပြန်သွားတဲ့အချိန်မှာ သူတို့ စားဖို့သောက်ဖို့က အရေးကြီးတယ်။ နေဖို့၊ထိုင်ဖို့၊ စားဖို့ အကူအညီပေးသင့်တယ်ဆိုပြီး ပြောလိုက်တယ်” ဟု  ဆက်ပြောသည်။

၇ခိုင်ပြည်နယ် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးက ယခုကဲ့သို့ ကမ်းလှမ်းလာမှု အပေါ် ဝမ်းသာကြိုဆိုကြောင်း ပြောသည်။

“ အရင်တခေါက်ကလည်း အများကြီးပဲလှူပါတယ်။ ဒေါ်လာသိန်းချီပြီးလှူတာတွေပါ။ ဒါပေမယ့် စစ်ဘေးရှောင်တွေ လက်ထဲ အမှန်တကယ် ရောက်ဖို့တော့ လိုမယ်။ တကယ်လို့ နောက်ထပ်အခုလို လှူမယ်လို့ ဆိုရင် ကျွန်တော်ကတော့ စစ်ဘေးရှောင်တွေလက်ထဲရောက်အောင် အရပ်ဖက် အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းတာက ပိုကောင်းမယ်လို့ထင်တယ်။ လိုတာတွေကတော့ စားဖို့၊ နေဖို့၊ဝတ်ဖို့အကုန်လိုတာပါပဲ” ဟုပြောသည်။

၂၀၂၀ ခုနစ် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ၂၃၅၄၅၆ တန်ဖိုးရှိသည့် ဆန်အိတ် ၂၀၀၀၀၊ ဆန်ကြာဆံ၊ ပဲဆီ ၊Toor Dal ၊ Chana Dal ၊ ငရုတ်ကောင်း ၊ နနွင်း ၊ နံနံမှုန့်၊ ဆားနှင့် တာပေါ်လင်များအား ရခိုင်ပြည်နယ်အစိုးရထံသို့ လှူဒါန်းခဲ့သည်။

ယနေ့တွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့မှ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား စစ်ဘေးရှောင်များအရေးအပြင် ကုလားတန်ဆိပ်ကမ်း အမြန်ဆုံးလည်ပတ်နိုင်ရန်အတွက် အကူအညီပေးရန် တိုက်တွန်းကြောင်းပြောဆိုခဲ့ကြောင်း ဦးစံကျော်လှက ပြောသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.