ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ပြီး ၎င်းမှာ ၎င်းဆေးရုံကြီးတွင် ၁၃ ဦးမြောက် သေဆုံးကြောင်း သတင်းရရှိသည်။
ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေသည့် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က စစ်တွေဆေးရုံကြီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်း ၇ခိုင်ပြည်နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။
ကိုဇော်လှိုင်ထွန်းက “သူက ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ပြောင်းထားတာ တစ်ရက် နှစ်ရက်လောက်ပဲ ရှိပါသေးတယ်။ လူနာအမှတ်တော့ ကျွန်တော်တို့ မသိရသေးဘူးပေါ့။ ကျောက်တော်ကနေ စစ်တွေကို ပြောင်းပြီးကုသမှုခံယူတာဆိုတော့ သူ့မှာ ရောဂါအခံရှိနေနိုင်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
စစ်တွေဆေးရုံကြီးတွင် ယနေ့ သေဆုံးသူ အမျိုးသမီးအပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးပြီဖြစ်ကြောင်း သိ၇သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
လက်ရှိ စစ်တွေဆေးရုံကြီး၌ ကုသမှုခံယူနေ၇သူ ကိုဗစ်အတည်ပြုလူနာ ၃၃ ဦးကျန်ရှိနေသေးကာ ယင်းအထဲမှ ၆ ဦးကို အောင်စီဂျင်ပေးထားရကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားချက်အရ သိ၇သည်။
၇ခိုင်ကိုဗစ် ၁၉ စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက် စာရင်းအ၇ ၁၆-၈-၂၀၂၀ မှ ၁-၁၂-၂၀၂၀ ညနေပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၃၅၅၉ ဦးရှိပြီး ဆေးရုံက ဆင်းခွင့်၇သူ ၃၂၇၉ ဦးရှိကာ လက်ရှိ ဆေးရုံများတွင် ဆက်လက်ကုသနေ၇သူမှာ ၂၆၇ ဦးရှိကြောင်း သိ၇သည်။
(The list from Rakhine Covid-19 Watch)