Preview

မီးရှို့ခံလိုက်ရသည့် ကျောက်တော်မြို့နယ်တင်းမကျေးရွာတွင် အစိုး၇မှ အိမ်အလုံး ၄၀ စတင်တည်ဆောက်မည်

ဒီဇင်ဘာ ၀၃/ ၂၀၂၀ | ကြည့်ရှုသူ :3828
ရခိုင် သတင်း

အိ်မ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မီးရှို့ခံလို်က်ရသည့် တင်းမကျေးရွာတွင် အိမ်အလုံး ၄၀ ကို စတင်တည်ဆောက်ရန် ဆောက်လုပ်မည့်ကုမ္ပဏီအား ရခိုင်ပြည်နယ်အစိုးရမှ တင်ဒါပေးလိုက်ပြီဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အိမ်အလုံး ၄၀ စတင်တည်ဆောက်မည်ဖြစ်ကြောင်းကို နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

“ အိမ်အလုံး ၄၀ ဆောက်လုပ်ဖို့ အားလုံး စီစဉ်ပြီးပါပြီ။ UEHRD အစီစဉ်နဲ့ အခုလောလောဆယ် နေအိမ် ၄၀ ဆောက်ပေးမယ်။ ပြီးတော့ နောက်ထပ်လည်း ဆောက်ပေးဖို့ ရှိမှာပါ။”

အိမ်တစ်လုံး၏ တန်ဖိုးမှာ သိန်း ၅၀ ရှိပြီး အိမ်အလုံး ၄၀ ကို စတင်ဆောက်လုပ်ရန် တင်ဒါခေါ်ယူပြီးပြီ ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များ နေရပ်ပြန်ပါက ကြုံတွေ့ရသည့် အခက်အခဲများကို ထောက်ပံ့ကူညီနိုင်ရန် ရခိုင်ပြည်နယ် အစိုးရမှ စာရင်းများကောက်ယူရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တာဝန် ပေးအပ်ထားကြောင်း စည်ပင်ဝန်ကြီးက ပြောဆိုသည်။

ကျောက်တော်မြို့နယ် မီး၀ဗျူဟာကုန်းအနီးတွင် ၂၀၂၀ ခုနစ် မတ်လ ၁၀ ရက် ၁၁ ရက်နေ့များတွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခံပြီး တပ်မတော်မှ  လေကြောင်း တိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးကျည်များမှ ကျေးရွာများထဲထိ ကျရောက် ပေါက်ကွဲသဖြင့် မုန့်သန်းပြင်၊ မီး၀၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ ကျော်ရွှီပြင်၊ ကျောက်တန်း၊တင်းမ၊ ဂြင့်ခရားစေ့နှင့် အောင်သာယာကျေးရွာတို့မှ ဒေသခံများ နေရပ်ရွာများကို စွန့်ထွက်ပြေးခဲ့ကြဇ၇သည်။

ယင်းနောက်တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း၌ တင်းမကျေးရွာရှိ နေအိမ်အများအပြား မီးလောင်သွားခဲ့သည်။ ၎င်းမီးရှို့မှုကို ကျေးရွာသားများက တပ်မတော်စစ်ကြောင်း တစ်ခုမှ ကျူလွန် ပြုလုပ်ကြောင်း ပြောဆိုထားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ငြင်းဆိုထားသည်။

ကျောက်တော်မြို့ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် တင်းမကျေးရွာမှ ဒေါ်ဝင်းမေဦးက“ ရွာမီးလောင်သွားတော့ ကျွန်မတို့ ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးလာခဲ့တယ်။ ကျောက်တော် အထက(၁) က နေတဆင့် ဒီ ကဝိရတနာ စစ်ရှောင်းစခန်းကို ပြောင်းနေခဲ့ရတယ်။ဒီမှာ ကျွန်မတို့ အမျိုးသမီးတွေအတွက် အတော် အခက်အခဲတွေနဲ့နေရတယ်။ အိမ်သာကအစ မလုံမလောက်နဲ့ပေါ့။ အိမ်ပြန်လို့ရရင် သိပ်ပြန်ချင်တာပေါ့ရှင်။ ပြန်ရင်လည်း အစိုးရက မိုင်းတွေဘာတွေ မရှိအောင် ကြိုရှင်း ခိုင်းထားရင် ကျွန်မတို့ အသက်အန္တရာယ် မရှိတော့ဘူးပေါ့” ဟုပြောသည်။

နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များအတွက် အစိုး၇မှ နေအိမ်အချို့ဆောက်လုပ်ပေးသွားမည်ဖြစ်သလို လိုအပ်သော ထောက်ပံ့ကူညီမှုများကိုလည်း ပြုလုပ်သွားမည်ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။

တင်းမအုပ်စုတွင် တင်းမကြီးနှင့် တင်းမသစ်ဟု ကျေးရွာ နှစ်ရွာတည်ရှိပြီး အိမ်ခြေ ၇၀၀ ကျော်ရှိကာ အဆိုပါ ကျေးရွာ ၂ ရွာမှ ရွာသား ၁၈ ဦးလည်း ယခုနှစ်မတ်လအတွင်းက တပ်မတော်စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရပြီး ယနေ့ အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မ၇ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောဆိုထားသည်။

(ဓာတ်ပုံ- တင်းမဆရာတော်)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.