Preview

ICRC အကြီးအကဲ နေရပ်ပြန်စစ်ရှောင်များအရေး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဆွေးနွေး

ဒီဇင်ဘာ ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :9434
ရခိုင် သတင်း
ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဒီဇင်ဘာ ၅ / ၂၀၂၀

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) စစ်တွေရုံးတာဝန်ခံ အကြီးအကဲ Ms Wendy Fleury သည် ရခိုင်စစ်ဘေးရှောင်များအခြေအနေနှင့် ပတ်သက်ပြီး ၇ခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဒီဇင်ဘာ ၄ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက (ICRC) အကြီးအကဲသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ နှင့် အတူ ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ ဦးမြသန်းနှင့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့တက်ရောက်ခဲ့ကြောင်းပြောကြားသည်။

စစ်ဘေးရှောင်များ အခုအခါ နယ်မြေအေးချမ်း၍ မိမိနေရပ်ဒေသတွေကို ပြန်နေကြကြောင်း၊ သူတို့၏ အိမ်များမှာ ပျက်စီးနေကြောင်း၊ တစ်ချိန် ပြန်သွားကြသည့်အခါ နေအိမ်များလိုအပ်မည်ဖြစ်ကြောင်း၊ နောက်ပြီးလောလောဆယ်တွင် ရိက္ခာနှင့် သောက်သုံးရေများ လိုအပ်နေကြောင်း သူက ပြောကြားသည်။

ICRC အကြီးအကဲ Ms Wendy Fleury က ICRC စစ်တွေရုံးမှ အိုးအိမ်များ စွန့်ခွာလာသူ ရွာသားများအား ထွက်ပြေးလာကတည်းက ကူညီနေကြောင်း၊ ထိခိုက်နေသောသူများအပါအဝင် အိမ်ပြန်နေကြမည့် အစီအစဉ်တွင် ဆက်လက် ကူညီရန် သူမကဂတိပြုကြောင်း၊ အဓိက စိုးရိမ်မှုမှာ လက်နက်ပစ္စည်းများ၏ ဆိုးရွားသော အန္တရာယ်ဖြစ်ကြောင်း၊ ၎င်းကိစ္စအပေါ် ICRCက အသိပညာပေးမှုများ မြင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိ၇သည်။

ဆွေးနွေးပွဲတွင် ICRC အကြီးအကဲက စစ်ဘေးရှောင် IDP များကို ထောက်ပံ့ ပေးနေမှုများကို ရှင်းပြသည်။ လွန်ခဲ့သည့်လက  ရသေ့တောင်ဘက်ကိုသွားတဲ့ စက်လှေ ပစ်ခတ်ခံ၇တာတွေနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းဖြစ်မိကြောင်း သူမက ဖော်ပြသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ICRC ကို အကူအညီပေးမှုအားလုံးကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်ကူညီပေးရန် တိုက်တွန်းခဲ့သည်။

ယခုလတ်တလောကာလတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်မှာ မိမိနေရပ်ဒေသသို့ ပြန်သွားခဲ့ကြကြောင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံမှတဆင့် သိရှိ၇သည်။

(Photo by U San Myat Shwe)


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.