Preview

ရသေ့တောင်မြို့နယ်တွင် ညမထွက်၇အမိန့် နောက်ထပ် သက်တမ်း ၂ လတိုး

ဒီဇင်ဘာ ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :9165
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၅ / ၂၀၂၀

နယ်မြေတည်ငြိမ်စပြုနေသည့် ရသေ့တောင်မြို့နယ်တွင် ညမထွက်၇အမိန့် ပုဒ်မ (၁၄၄) ကို နောက်ထပ် ၂ လ တိုးမြှင့်ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းထုတ်ပြန်ချက်ကို ယခုလ ၂ ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက “ အဲဒါကတော့ ကြာပြီ။ ပုံမှန်ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ နှစ်လတခါ၊ နှစ်လတစ်ခါ သက်တမ်းတိုးနေရတာဖြစ်ပါတယ်။ ကျနော် ဒီမှာ တာဝန် မကျခင်ကတည်းက ရှိပြီးသားပါ။ ဘယ်နှစ်ကြိမ်ရှိသွားပြီးလည်း မသိဘူး။ အမိန့်ကို ရပ်ဖို့ မညွှန်ကြားသေးဘူး။ ထုတ်ဖို့ပဲ ညွှန်ကြားနေသေးတယ်။ သက်တမ်းကုန်ရင် ပြန်လို့တိုးပေး၇တယ်။ ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

၇သေ့တောင်မြို့နယ်အတွင်း ည ၉ နာရီမှ နံနက် ၅ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို  ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ကြောင်း ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်သည် ၇ခိုင်ပြည်နယ်ထဲမှ တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် မြို့ထဲမှ တစ်ခုဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားသည်မှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းကဟု သိ၇သည်။

“ တိုက်ပွဲတွေ ရပ်နေတော့ အခု စစ်ဘေးရှောင်တွေက ပြန်နေကြတယ်။ ဒါပေမယ့် မိမိအိမ်တွေကို ကြည့်ဖို့နဲ့ တချို့ဆိုရင်လည်း စပါးတွေရိတ်သိမ်းဖို့ ပြန်နေကြပါတယ်။ ဒါပေမယ့် အခြေအနေ မကောင်းသေးတော့ တိုက်ပွဲတွေ ရပ်နေပေမယ့်လည်း ဆက်မနေဘဲ စစ်ရှောင်စခန်းကို ပြန်လာနေကြပါတယ်” ဟု ကျောက်တန်းရွာမှ ပြင်ပကျေးရွာတစ်ခုတွင် ခိုလှုံနေသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

၇သေ့တောင်မြို့တွင် ပြီးခဲ့သော ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ဖက်လိပ်၊ သိမ်တောင်နှင့် ချွတ်ပြင်ကျေးရွာအုပ်စုတို့တွင် ညမထွက်၇အမိန့်ကို စတင်ထုတ်ခဲ့ကာ ယင်းမှတဆင့် ၂ လတစ်ကြိမ် သက်တမ်းတိုးပြီး ညမထွက်ရအမိန့်အား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ယနေ့အချိန်ထိ ထုတ်ပြန်နေခြင်း ဖြစ်ကြောင်း သိရှိ၇သည်။

#လုံခြုံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.