Preview

ကိုဗစ်ကာလ အခက်အခဲရှိနေကြသော မင်းပြားနှင့်မြောက်ဦးမြို့နယ်ရှိ မရမာကြီးမိသားစုများအား ကူညီထောက်ပံ့

ဒီဇင်ဘာ ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :6655
ရခိုင် သတင်း


ဇော်ဝင်းဋ္ဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၅ /၂၀၂၀

ကိုဗစ်ကပ်ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ မရမာကြီး မိသားစုများအား မရမာကြီးလူငယ်ကွန်ယက်မှ ထောက်ပံ့ငွေများ ကူညီပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မရမာကြီးလူငယ်ကွန်ယက်အနေဖြင့် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်၊ သံထောင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဘားခံရပ်ကွက်၊ ပန်းမြောင်တိုက်နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ရော်မနီကျေးရွာတို့တွင် နေထိုင်ကြသော လူတစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီခဲ့ကြောင်း အဆိုပါအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းဝင်းက ပြောသည်။

“ လူတစ်ဦးကို ကျပ် ၁၅၀၀၀ နုန်းနဲ့ ထောက်ပံ့ပါတယ်။ အဓိက မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ နေထိုင်တဲ့ မရမာကြီးမိသားစုတွေကို ထောက်ပံ့ပေးပါတယ်။ စစ်တွေက မရမာကြီးမိသားစုတွေကိုလည်း   ထောက်ပံ့တာတွေရှိခဲ့ပေမယ့် လုံလုံလောက်လောက်တော့ မပေးအပ်နိုင်ခဲ့ပါဘူး။ ကိုဗစ်ကာလ ဆိုတော့ စားဝတ်နေရေး အခက်အခဲရှိကြတယ်။ အပြင်လည်းသွားရတာ အခက်အခဲရှိတယ်” ဟု ၎င်းက ပြောသည်။

မင်းပြားနှင့် မြောက်ဦးတွင် ထောက်ပံ့ကူညီနိုင်ခဲ့သည့် မိသားစုမှာ ၁၇၀စုနှင့် လူဦးရေ ၆၁၃ယောက် ဖြစ်ကြောင်း သိရသည်။

“ အခက်အခဲဖြစ်နေသူတွေကို Lift နဲ့ Metta Development Foundation တို့ရဲ့  ပံ့ပို့ပေးမှုနဲ့ မရမာကြီး လူငယ်ကွန်ယက ဦးဆောင်ပြီးတော့ မရမာကြီးအိမ်ထောင်စုတွေကို ကူညီ ထောက်ပံ့ပေးနေတာပါ"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယခုကဲ့သို့ ကူညီမှု အပေါ် ဝမ်းသာကြောင်း ငွေလက်ခံရရှိခဲ့သူ စစ်တွေ စက်ရုံစုရပ်ကွက်မှ ဦးအောင်ခိုင်က ပြောသည်။

" ကိုဗစ်ကြောင့် အခက်အခဲတွေ ရောက်နေကြတဲ့အချိန်မှာ ခုလိုထောက်ပံ့မှုတွေ၇တာတော့ ကောင်းပါတယ်။ တစ်ဦးကို ၁၅၀၀၀ ကျပ်ရရှိပါတယ်" ဟု နိရဥ္စရာသို့ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် ကျောက်ဖြူမြို့နယ်နှင့် ပုဏ္ဏားကျွန်မြို့နယ်တို့တွင်ရှိသော အိမ်ထောင်စုများ အားလည်း ဆက်လက်ထောက်ပံ့ ကူညီသွားမည် ဖြစ်ကြောင်း ကိုအောင်ဆန်းဝင်း က ဆက်ပြောသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.