ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ်အစည်းဝေးကို ဇန်နဝါရီလ ၁၁ ရက်နေ့ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် အစည်းအဝေးကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု လွှတ်တော်အစည်းအဝေးသည် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေးဖြစ်ပြီး ၅ နှစ်တာလွှတ်တော်သက်တမ်းကာလ၏ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လုပ်မှာပါ။ ဆွေးနွေးသွားမယ့် မေးခွန်းတွေကိုတော့ အခုပြောလို့ အဆင်မပြေ သေးဘူးပေါ့နော်”ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းများ ပြုလုပ်ရန်အတွက် အစည်းအဝေး မကျင်းပမီ ၅ ရက်ကြိုတင်ကာ လွှတ်တော်ရုံး အတွင်း၌ လာရောက်နေထိုင်ရမည်ဖြစ်ကြောင်းလည်း ဦးစံကျော်လှက ပြောသည်။

“နှားခေါင်းတွေ ပါးစပ်တွေကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတာတွေ လုပ်ဖို့အတွက် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ၅ ရက်ကြိုတင်ပြီး နေရမှာပါ” ဟု သူက ဆက်ပြောသည်။

ဒုတိယ သက်တမ်းကာလ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကျင်းပခဲ့ပြီး လာမည့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့သည် ၅ နှစ်တာကာလ လွှတ်တော် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ဆက်စပ် သတင်းများ