ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆ / ၂၀၂၀
မင်းပြားမြို့ဒေသခံ မခင်နန်းက “ ကျမကတော့ တောင်ထက်က ပစ်တာထင်တယ်။ ပစ်ခတ်သံကတော့ ကျိန်းတောင်ဖက်ကကြားတာပါ။ အခုက ခရီးသွားရာသီဖြစ်တဲ့အတွက် ဒီကလူတွေကလည်း တခြား မြို့နယ်တွေကို ဘုရားဖူးခရီးသွားနေတာတွေလည်းရှိတယ်။ ဆိုတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်သွားတယ်။ တိုက်ပွဲဖြစ်လို့ရှိရင် သူတို့ အိမ်ပြန်လာလို့ မရမှာကို စိုးရိမ်သွားတယ်” ဟုပြောသည်။
၎င်းပေါက်ကွဲသံကြောင့် မင်းပြားမြို့ဒေသခံများမှာ စိုးရိမ်စိတ် ပိုမိုမြင့်မားခဲ့၇ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ လက်နက်ကြီးပစ်တာလား။ မိုင်းပေါက်သံလားတော့မသိဘူး။ အသံတစ်သံတော့ ကြားလိုက်တယ်။ အဲဒါဘယ်လိုဖြစ်တာလည်းဆိုတာကိုတော့ စုံစမ်းနေတယ်။ အခုဒေသတည်ငြိမ်နေတဲ့အချိန်မှာ အဲလိုမျိုး အသံတစ်သံကြားလိုက်ရတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေက ပုံမှန်ထက်မြင့်တက်သွားတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်မှ မင်းပြားမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲအများဆုံး ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲများ ရပ်နေသည်မှာ ၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့မှ စ၍ ဖြစ်ကြောင်း သိရှိ၇သည်။