Preview

၇ခိုင်တွင် ၂၀၂၀ ခုနှစ် (၁၁)လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၁၁ ဦး၊ ဒဏ်ရာ၇သူ ၂၅၁ ဦးထိရှိခဲ့

ဒီဇင်ဘာ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :1792
ရခိုင် သတင်း

ဇော်ဝင်းဌေး (ငခူချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/၂၀၂၀

၇ခိုင်ပြည်နယ်တွင် ၂၀၂၀ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁)လအတွင်း ယာဉ်တိုက်မူပေါင်း ၂၀၃ မူဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁၁ ဦး၊ ထိခိုက်ဒဏ်ရာ၇သူ ၂၅၁ ဦးရှိကြောင်း အမှတ်(၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်) ယာဉ်တိုက်မူ စာရင်းအရ သိ၇သည်။

ယခုနှစ် ၇ခိုင်ပြည်နယ်တွင် စစ်တွေနှင့် သံတွဲမြို့တို့သည် ယာဉ်တိုက်မှုအများဆုံး မြို့နယ်များဖြစ်သည်ဟု စစ်တွေယာဉ်ထိန်းတပ်ကြပ်ကြီး ဦးသန်းထွန်းက ပြောသည်။

“ အောက်တိုဘာလထက် နိုဝင်ဘာလက ယဉ်တိုက်မှု ပိုများခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ယာဉ်တိုက်မှုနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေရှိတယ်၊ ပြည်သူလူထုတွေကလည်း စည်းကမ်း လိုက်နာစေချင်ပါတယ်”ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ယာဉ်များယခင်ကထက်များပြားလာပြီး ယာဉ်စည်းကမ်းများ လိုက်နာရန် အားနည်းနေသည်ဟု ၎င်းက ပြောဆိုသည်။

အစိုးရနှင့် သက်ဆိုင်သူများအနေဖြင့် ထိန်းကွပ်ရန် လိုအပ်နေပြီး ပြည်သူလူထုများကလည်း စည်းကမ်းလိုက်နာမှု အားနည်းနေသည်ဟု  စစ်တွေဒေသခံဦးစိုးနိုင်က နိရဥ္စရာသို့ပြောကြားသည်။

“စည်းကမ်းလိုက်နာ ပြည်သာယာ ဆိုတဲ့အတိုင်း စည်းကမ်းလိုက်နာကြဖို့လိုတယ်။ တချို့ယာဉ်တွေမှာ လိုင်စင်မပါကြဘူး။ တချို့ဆိုရင် လမ်းတွေ အပေါ်မှာလည်း ဆိုင်ခန်းတွေ တိုးချဲ ့ဖွင့်ထားကြတာတွေရှိတယ်။ ဆိုင်ကယ်တွေ၊ ကားတွေလည်း လမ်းပေါ်မှာ ရပ်ကြတာတွေရှိနေတယ်။ ဒါကြောင့်မို့ ယာဉ်သွားတဲ့ လမ်းကြောင်းက ကျဉ်းသွားရတယ်။ ကားတွေ၊ဆိုင်ကယ်တွေလည်း တဖြည်းဖြည်းတိုးလာတာကြောင့် လမ်းတွေကို ပြုပြင်ဖို့လိုလာတယ်၊ ယာဉ်အန္တာရာယ်တွေ မရှိအောင်လည်း အသိပညာပေးမှုတွေပြု လုပ်ပေးဖို့ လိုလာတယ်။ ယာဉ်အန္တရာယ်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေကို အစိုးရတာဝန်ရှိ လူကြီးတွေကလည်း လက်တွေ့ကွင်းဆင်း ကြည့်ပေးစေချင်ပါတယ်” ပြောသည်။

ယာဉ်အန္တာရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဒီဇင်ဘာ  ၁၆ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်ဟု သိရှိ၇သည်။

အစည်းအဝေးသို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသန်း၊ ပြည်နယ်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ခင်ဇော်တို့ တက်ရာက်ခဲ့ကြောင်း သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.