Preview

ရခိုင်ပြည်နယ်ဂွမြို့နယ် ကျွန်းနံ့သာအနီး ပင်လယ်ထဲမှ ရွှံ့မီးတောင်ဟု ယူဆရသော ပေါက်ကွဲတစ်ခု ဖြစ်ပွားခဲ့

ဇန်နဝါရီ ၀၄/ ၂၀၂၁ | ကြည့်ရှုသူ :2398
ရခိုင် သတင်း

နိရဥ္စရာ၊ ဇန်နဝါရီ ၄/၂၀၂၁

၇ခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ မိုင် ၃၀၊ ၄၀ ခန့် ဝေးသော ကျွန်းနံ့သာအနီးတွင် လွန်ခဲ့သော ဒီဇင်ဘာလက ပင်လယ်ထဲတွင် ရွှံ့မီးတောင်ဟု ယူဆရသော မီးတောင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ရုပ်သံဖိုင်အား တင်ခဲ့သူ ကျိန္တလီမြို့မှ ကိုရန်နောင်စိုးအား ဆက်သွယ်ရာ ၎င်းက “ လွန်ခဲ့တဲ့ ၁၂ လပိုင်းကလို့ ပြောပါတယ်။ ကျွန်တော်သူငယ်ချင်း တစ်ယောက်က ရိုက်ပြီ ယူလာတဲ့အခါ ကျနော်က ဒီနေ့ တင် ပေးလိုက်တာပါ။ ပင်လယ်မှာ ဒီလို ဖြစ်နေတယ်ဆိုပြီး ပေးတော့ ကျနော်က ကူးပြီးတင်ထားလိုက်တာပါ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖြစ်ခဲ့တာလို့ သိ၇ပါတယ်” ဟု ပြောကြားသည်။

၎င်းကျွန်းနံ့သာတွင် အရပ်သားများနေထိုင်ခြင်း မရှိဘဲ အမြောက်တပ်ရှိကြောင်း၊ ငါးဖမ်းရန်သွားကြသည့် လူငယ်များမှ ရေထဲမှ ထိုးထွက်လာသော ရေလုံးကြီးများကို တွေ့မြင်ခဲ့ပြီး ဖုန်းဖြင့် ရိုက်ယူလာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဂွမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက “ အဲဒီကျွန်းနံ့သာအနီးမှာ ရေထဲက ရွှံ့မီးတောင် ပေါက်ကွဲတဲ့ ဖြစ်စဉ်ကတော့ ရှိပါတယ်။ တစ်နှစ်မှာ တစ်ခါ၊ ၂ နှစ်မှာ တစ်ခါ ရေအောက်ကနေ ရေပေါ်ထိ ပေါက်ကွဲတာ ရှိပါတယ်။ ဒီလို ပေါက်ကွဲတာတော့ ကြားသိရပါတယ်” ဟု နိရဥ္စရာသို့ ပြောကြားသည်။

ဒေသခံ တစ်ဦးဖြစ်သူ ကိုနီထွန်းအောင်က “ အဲဒီ ကျွန်းနံသာမှာ မကြာမကြာ မီးတောင်တွေက ချော်ရည်တွေကတော့ ဖြစ်တယ်။ဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူး။ အရင်ကနေ ရွံ့မီးတောင်တွေက ကျွန်းနံသာမှာလည်း ရှိပါတယ်။ ကျွန်းနံ့သာ ပတ်ဝန်ကျင်းအနီးမှာလည်း ရွံမီးတောင်တွေ ရှိတယ်။ ငါးဖမ်းစက်လှေတွေ သွားလို့ရှိရင်လည်း မကြာခဏ မြင်၇တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

#သဘာဝပတ်ဝန်းကျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.