Preview

ရခိုင်တိုက်ပွဲအတွင်းအရပ်သား ၁၈၃ ဦးသေဆုံးပြီး ဒဏ်ရာ၇သူ ၆၅၄ ဦးရှိဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

ဇန်နဝါရီ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :6271
ရခိုင် သတင်း

နိရဥ္စရာ၊ ဇန်နဝါရီ၁၂/၂၀၂၁

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၁၈၃ ဦးရှိပြီး ဒဏ်ရာ၇သူက ၆၅၄ ဦးရှိကြောင်း ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ အကြိမ်သက်တမ်း နောက်ဆုံးအကြိမ်လွှတ်တော်အစည်းကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့က စတင်ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တက်ရောက်မိန့်ခွန်း ပြောကြားစဉ် ထိုသို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ ၂၀၁၉ ခုနှစ် ဇန်ဝါရီလကနေ စပြီးတော့ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတော့ ဒီဖြစ်ပွားခဲ့မှုကြောင့်လည်း ရခိုင်ပြည်နယ် ပြည်သူတွေ အနေနဲ့ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှု၊ အခက်အခဲတွေ၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့လည်း ထပ်မံ ရင်ဆိုင်ခဲ့၇ပါတယ်။ စစ်ဘေးစစ်ဒဏ်တွေကြောင့် ယနေ့ထိ အပြစ်မဲ့ပြည်သူ ၁၈၃ ဦးသေဆုံးပြီးတော့ ၆၅၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောသည်။

၎င်းအထဲတွင် မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၄၀အထိ ရှိသည်ဟု ဆိုသည်။

“ မိုင်းထိခိုက်မှုများကြောင့် ၄၀ ဦးသေဆုံးပြီးတော့ ၇၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမည်မသိအဖွဲ့မှ ပစ်ခတ်မှုကြောင့် ၃၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိပြီးတော့ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့ပါတယ်။”  

ရခိုင်ပြည်နယ် အစိုး၇နှင့် လူကယ်ပြန်မှ ၎င်းသူများကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ တိုက်ပွဲနှင့် မိုင်းထိခိုက်မှုများကြောင့် သေဆုံး ဒဏ်ရာရရှိသူတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့သလို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အနေနဲ့လည်း လိုအပ်သလို ထောက်ပံ့ပေးအပ် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။  

၎င်းပြင် အမည်မသိအဖွဲ့မှ ပစ်ခတ်မှုကြောင့် ၇ခိုင်တွင် သေဆုံးသူ ၃၆ ဦးနှင့် ဒဏ်ရာ၇သူ ၈ ဦးရှိကြောင်း၊  ဖမ်းဆီး ခံထားရသူများလည်းရှိကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားခဲ့သည်။

(Photo by U San Myat Shwe)

#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.