Preview

ပလက်၀ မြို့တွင် မိုင်းပေါက်ကွဲပြီး တပ်မတော်သားဇနီးတစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :6807
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ/၂၀၂၁

ချင်းပြည်နယ်၊ ပလက်၀မြို့တွင် တပ်မတော်သားဇနီးသည်တစ်ဦး ယနေ့နံနက်က မြေမြုပ်မိုင်းပေါက်ကွဲပြီး ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ အမှတ် (၂၈၉) တပ်ရင်းမှ ဒုတပ်ကြပ် ထွန်းမင်းဇော်၏ ဇနီးဒေါ်တိုးတိုးဝင်း (အသက် ၃၀ ကျော်အရွယ်) ဖြစ်ကြောင်း မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ သိ၇ပါတယ်။ တပ်မိသားစုဖြစ်ပါတယ်။ ဟို ၂၈၉ တောင်ကြောမှာဖြစ်တယ်လို့ ကြားရပါတယ်။ အခု ဆေးရုံကို ယူလာလို့ သိတာပါ။ ဆေးရုံမှာပါ။ ဒေါ်တိုးတိုးဝင်း ခြေထောက် တစ်ဖက်ပြတ်သွားတယ်။ ဆေးရုံကို ရောက်နေပါပြီ” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေါ်တိုးတိုးဝင်း ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး တပ်ပြင်တွင် နေထိုင်သူ တစ်ဦးဖြစ်ကာ ကလက်ချောင်းဘက်ကို ဝါးခုတ်ရန်သွားရာမှ မိုင်းနင်းမိသည်ဟု ကြားသိ၇ကြာင်း ၎င်းက ပြောကြားသည်။

တစ်ခြားဒေသခံ တစ်ဦးကလည်း မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခြင်းကို အတည်ပြုပြီး မောင်မောင် (ခူမီးရွာ) အနီးတွင် ဖြစ်ပွားသည်ဟု ကြားသိ၇ကြောင်း ပြောကြားသည်။

ပလက်၀မြို့မရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက ၎င်းသတင်း သူမ၇သေးဟု ပြောကြားသည်။

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.