Preview

သံတွဲမြို့နယ်တွင် မဲမသာမှု ၂၇၅၉၉မဲ စိစစ်တွေ့ရှိဟု တပ်မတော်ထုတ်ပြန်

ဇန်နဝါရီ ၁၃/ ၂၀၂၁ | ကြည့်ရှုသူ :714
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂၀၂၁

၇ခိုင်ပြည်နယ်သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုစုစုပေါင်း ၂၇၅၉၉ မဲရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု  တပ်မတော် သတင်းမှန ်ပြန်ကြားရေးအဖွဲ့မှ ဇန်နဝါရီ ၁၂ ရက်နေ့ (၁၆) ကြိမ်မြောက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ထဲတွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း  ၉၆၃၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၇၉၆၃၊ စုစုပေါင်း ၂၇၅၉၉ မဲ ရှိဟု ဖော်ပြထားသည်။

၎င်းပြင်ထုတ်ပြန်ချက်ထဲ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲ၇လဒ်ထုတ်ပြန်ချက်) ၁၀၀၉၂၆၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁) ၉၉၃၁၈ သာရှိကြောင်း ဖော်ပြထားသည်။

သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးမင်းကြည်က ၃၀၁၉၁ မဲ (၃၉.၅၁) အနိုင်ရရှိခဲ့သည်။ ၇ခိုင်အမျိုးသားပါတီ (ANPP) မှ ဦးမြင့်ဇော်မှာ ၂၂၄၀၅(၂၉.၃၂) ရရှိခဲ့သည်။

ယခုကဲ့သို့ တပ်မတော်မှ သံတွဲမြို့နယ်တွင် မဲမသမာမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့သူ ရခိုင်အမျိုးသားပါတီ (ANPP) မှ ဦးမြင့်ဇော်အား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက အောက်ပါအတိုင်း ပြောကြားသည်။

“ ကျွန်တော်တို့တိုင်ထားတာတော့ မရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ကတည်းက သံသယတွေ ရှိတာပေါ့ဗျာ။ သံသယနဲ့ ဒီကိစ္စအများကြီးရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ည ၁၂ နာရီ ၁ နာရီလောက်ထိဗျာ ကျွန်တော်တို့ အနိုင်ပဲရှိသေးတယ်။ နောက် မိုးလင်းပိုင်းဘယ်လို ပြောင်းသွားလည်း မသိဘူး။ ဆိုတော့ မဲက ပထမပိုင်း ကျွန်တော်တို့ဘက်က တော်တော်ကွာနေတာ။ အနိုင်ဘက်က။ နောက်ပိုင်းကျတော့၊ မိုးလင်းပိုင်လည်းကျတော့ ကျွန်တော်တို့ တစ်ဖြည်းဖြည်း ရှုံးသွားတဲ့သဘော။ ဆိုလိုတဲ့ သဘောက ဒီလောက် မြန်မြန်ဆန်ဆန်ကြီး မဖြစ်သင့်ဘူးပေါ့။ မယုံချင်ဘူးပေါ့နော်။ သံသယရှိတဲ့စိတ်ထဲမှာ ။ ကျွန်တော် လုံး၀ကို မယုံချင်ဘူး။ ယောကျာ်းဘဲ ရှုံးတာ၊ နိုင်တာ ကျွန်တော်တို့က ပြဿနာ သိပ်မရှိဘူး။ ရှုံးတာ၊ နိုင်တာက သဘာ၀ပါ။ တစ်ခုရှိတာက ကျွန်တော် စိတ်ထဲမှာ သူတို့ တစ်ခုခု မတရား လုပ်ထားတယ်ဆိုတာစိတ်ထဲမှာသိနေတယ်။ အဲသလိုတော့ သံသယ အများကြီးရှိခဲ့တာပေါ့နော်။ ပွင့်ပွင့်းလင်းလင်း ပြောရရင် အခုအချိန်ထိ သံသယရှိတယ်။”

ကွန်ပျူတာ နည်းပညာဖြင့် လက်ရှိ ဖော်ထုတ်ရာတွင် နာမည်တူသည့် လူပေါင်း၊ မှတ်ပုံတင်မပါသူ လူပေါင်း မြောက်များစွာ တွေ့ရကြောင်း၊ ယခု သူမဲရှုံးခြင်းမှာ ၇၀၀၀ ကျော်ဖြင့် မဲရှုံးခဲ့ပြီး ယခု မဲမသာမှုဖြစ်နေသည်မှာ ၂၀၀၀၀ ကျော် ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ အခုက သံတွဲမြို့နယ် ကော်မတီနဲ့တော့ ညှိနိုင်းနေတယ်။ ညှိနိုင်းတယ်ဆိုတာကတော့ ဆိုလိုတဲ့သဘောကတော့ ကျွန်တော်တို့ ကန့်ကွက်စာတော့ မတင်ခဲ့ဘူး။ ကန့်ကွက်စွာ ၄၅ ရက်အတွင်း တင်ရတယ်လို့ ပြောတာကို။ အဲဒီတော့ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်နဲ့ တိုင်ပင်ပြီး တစ်ခုခု ဘယ်လိုလုပ်မလဲ စဉ်းစားနေတုန်းဘဲ ရှိပါသေးတယ်” ဟု ပြောကြားသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင် သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်သူ ၆ ဦးရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးမင်းကြည်က ၃၀၁၉၁ မဲ (၃၉.၅၁) အနိုင်ရရှိခဲ့ပြီး  ၇ခိုင်အမျိုးသားပါတီ (ANPP) မှ ဦးမြင့်ဇော် ၂၂၄၀၅(၂၉.၃၂) ရရှိခဲ့သည်။ နောက်ထပ် မဲရရှိသူများစာရင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးအောင်နိုင်ဦး ၁၅၇၃၈ မဲ (၂၀.၆၀)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်စိုး ၄၂၄၇ (၅.၅၆)၊ ဦးရဲလင်းဦး (တစ်သီးပုဂ္ဂလ) ၁၈၉၅(၂.၄၈) နှင့် ၇ခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ဦးခင်မောင်ဝင်း ၁၅၂၆မဲ (၂.၀၀) တို့ဖြစ်သည်။

သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် မဲပေးသူ ဦးရေမှာ ၇၆၀၀၂ ဦးသာရှိခဲ့သည်ဟု သိ၇သည်။

သံတွဲမြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ၂ နေရာကို NLD က အနိုင်ရရှိသွားခဲ့သည်။ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာတွင် NLD မှ ၁၅၉၆၈၊ ANP မှ ၉ရ၇၁ မဲနှင့်  ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာတွင် NLD မှ ၁၄၄၇၅ မဲ၊ ANP မှ ၉၀၃၄ မဲ ရရှိခဲ့သည်။

(ဓာတ်ပုံ- သံတွဲမြို့နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က မဲပေးနေကြသည့်မြင်ကွင်း)

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.