စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပြည်ထောင်စုဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်ရာ၌ ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် အရပ်သား ၈ ဦး ပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၁

တပ်မတော်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဝန်ကြီး ၁၁ ဦးအား အသစ်ခန့်အပ်ရာတွင် ၄င်းတို့အထဲ လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် အရပ်သား ၈ ဦး ပါဝင်ကြောင်း တွေ့ရှိရသည်။

၄င်းဗိုလ်ချုပ်ကြီး ၃ ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (ပြည်ထဲရေးကြီးဝန်ကြီးဌာနနှင့်ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး (ကာကွယ်ရေးဝန်ကြီးဌာန) နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (နယ်စပ်ရေးရာဝန်ကြီးဌာန) တို့ဖြစ်ကြသည်။

နောက်ထပ် ခန့်အပ်ခံရသည့် အရပ်သားဝန်ကြီး ၈ ဦးမှာ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးဝင်းရှိန် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ဦးအောင်နိုင်ဦး (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးရာဝန်ကြီးဌာန)၊ ဦးကိုကိုလှိုင် (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌန)၊ ဦးချစ်နိုင် (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးကိုကို (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးမြင့်ကြိုင် (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)တို့ဖြစ်ကြသည်။

၄င်းဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကိုကျင့်သုံးလျက် ဖေဖော်ဝါလ ၁ ရက်နေ့စွဲဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Kyaw Swar Min

ဆက်စပ် သတင်းများ