Preview

တပ်မတော်အာဏာသိမ်းမှုအား တောင်ကုတ်မြိုတွင် ကန့်ကွက်ဆန္ဒပြပြီးနောက် ဦးမင်းအောင်နှင့် နောက်တစ်ဦးအား ရဲက ခေါ်ဆောင်

ဖေဖော်ဝါရီ ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :7376
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၁

တပ်မတော်၏အာဏာသိမ်းမှုအား ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့နံနက်က ကန့်ကွက်ဆန္ဒပြပြီးနောက် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် နောက်တစ်ဦးကို ရဲက ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဦးမင်းအောင်နှင့် NLD ပါတီဝန်းရံသူတစ်ဦးဖြစ်သည့် ကိုသန့်ဇင်ဖြိုးတို့အား ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ရဲဝန်ထမ်းအချို့က NLD ရုံးမှ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း NLD ပါတီမှ ဒေါ်ချစ်ချစ်ချောက ပြောသည်။

“ဘာတွေကို မေးမြန်းမယ်ဆိုတာကိုလည်း မပြောသွားဘူး။ NLD ရုံးကလာခေါ်သွားတာပဲ။ အခြေနေက အခု လောလောဆယ် ရဲစခန်းက ခေါ်ထားတုန်းပဲ။ သူတို့ ရဲစခန်းထဲမှာပဲ ရှိနေတယ်။ ပြန်မလွှတ်သေးဘူး။” ဟု ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ပြောသည်။

၎င်းတို့နှစ်ဦးအား တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲဝန်ထမ်း ၅ ဦးခန့်တို့က တောင်ကုတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။

တပ်မတော်၏အာဏာသိမ်းမှုအား ယနေ့နံနက် တောင်ကုတ်မြို့တွင်ဆန္ဒထုတ်ဖော်ရာ၌ လူပေါင်း ၃ ထောင်ကျော် ပါဝင်ခဲ့သည်ဟုလည်း သိ၇သည်။

ဓာတ်ပုံ - ခေါ်ဆောင်ခံရသူနှစ်ဦးအားတွေ့၇စဉ်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.