Preview

အမ်းဆေးရုံရှေ့တွင် လူပေါင်း ၅၀ခန့် ဆန္ဒပြ

ဖေဖော်ဝါရီ ၁၆/ ၂၀၂၁ | ကြည့်ရှုသူ :5659
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/ ၂၀၂၁

အမ်းဆေးရုံမှ အလုပ်မဆင်းဘဲ CDM ( Civil Disobedience Movement) ပါဝင်နေကြသည့် ဆရာဝန်များအား လူပေါင်း ၅၀ ခန့်က ယနေ့ နံနက် ၉ နာရီခန့်က ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၎င်းဆန္ဒပြသူများသည် ကားများဖြင့် ဆေးရုံရှေ့သို့ လာရောက်၍ အလုပ်မဆင်းဘဲ CDM တွင် ပါဝင်နေကြသည့် ဆရာဝန်များအား ကန့်ကွက်ရှုံ့ချကြောင်း အော်ဟစ်ခဲ့ကြသည်ဟု အမ်းမြို့ ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အမ်းမြို့တွင် လူမှုရေးလုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးက “ တပ်မတော် ထောက်ခံသူများ ဖြစ်ဖို့များတယ်။ မြို့ပေါ်ကတော့မဟုတ်ဘူးရှင့်။ ကားတွေနဲ့လာကြတာ။ ဆေးရုံရှေ့မှာ အော်နေကြတယ်။ ၁၀ နာရီလောက်မှာ ပြန်သွားကြတယ်” ဟုပြောသည်။

အဆိုပါအမ်ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ဆေးရုံအုပ်ကြီးမှအပ ကျန်ဆရာဝန် ၆ ဦးစလုံးတာဝန်ထမ်းဆောင်မပြုတော့ပဲ ဆေးရုံတွင်းမှထွက်ခွာသွားခဲ့သည်ဟု သူမ၏ ပြောပြချက်အရ သိ၇သည်။

အမ်းဆေးရုံမှ ထွက်ခွာသွားကြသည့် ဆရာဝန်များမှာ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ် အထူးကု ဆရာဝန်၊ အရိုးအထူးကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးအထူးကုဆရာဝန်နှင့် အခြား ဆရာဝန်တစ်ဦးတို့ဖြစ်ကြောင်းသိ၇သည်။

အဆိုပါဆန္ဒပြမှုနှင့် ပတ်သက်၍ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးတို့ အားမေးမြန်းစုံစမ်းရန် နိရဉ္စရာသတင်းဌာနမှ ဖုန်းဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

#ဆန့်ကျင်ဆန္ဒပြ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.