Preview

ဆရာဗျာလာခိုင်၏ “မြူနန့်ကျစ်တေကြိုးနန့် ရသစုစည်းမှု” စာအုပ် မိတ်ဆက်ပွဲပြုလုပ်

ဖေဖော်ဝါရီ ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :2029
ရခိုင် သတင်း

ဇွဲဓန (ကိန်းသာမြေ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁ / ၂၀၂၁

စာရေးဆရာ ဗျာလာခိုင်၏ မြူနန့်ကျစ်တေကြိုး နန့် ၇သစုစည်းမှု ကဗျာစာအုပ် မိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ မှ ၃ နာရီ အထိ စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်။

၄င်းကဗျာစာအုပ်တွင် အနာဂတ်လူငယ်တို့၏ ခံစားမှုများ၊ လူ့ပတ်ဝန်းကျင် သရုပ်ဖော် ဝတ္တုများ နှင့် စစ်ရေးပဋိပက္ခကြားမှာ ၇ခိုင်ပြည်သူတို့၏ ဘ၀အခက်အခဲများကို ထင်ဟပ်စေသော ကဗျာ တစ်ချို့ပါဝင်ကြောင်း စာပေသမားတစ်ဦးဖြစ်သူ ဗျာလာခိုင် ကပြောသည်။

“ ဝတ္တုနဲ့ ကဗျာတွေကို စုထားတာပါ။ စာတန်းတိုတစ်ခုနဲ့ ဖတ်ညွှန်းတစ်ခု ပါတယ်။ ကျနော် အရင်က မဂ္ဂဇင်းတွေမှာ ရေးခဲ့တဲ့ ဝတ္တုတွေကို စုဆောင်းထားတာပါတယ်။ လူငယ်တွေရဲ့ ခံစားမှုကို ပေါ်လွင်စေတဲ့ အရာတွေပါတယ်။ ပြီးတော့ ကျနော်တို့ လူ့ပတ်ဝန်းကျင်ထဲ့ကရတဲ့ လူ့ပတ်ဝန်းကျင် သရုပ်ဖော် ဝတ္တုတွေပါတယ်။ နော်ထပ်က စစ်ရေးပဋိပက္ခ ကြားထဲမှာ ခံစားခဲ့ရတဲ့ ကျနော်တို့ ပြည်သူတို့ရဲ့ဂုဏ်ကို ရင်ဘက်နဲ့ မိတ္တူကူးပြီး ထင်ဟပ်ထားတဲ့ ကဗျာတစ်ချို့ပါတယ် ” ဟု ပြောသည်။

၄င်းစာအုပ်သည် ရခိုင်စာပေလောကအတွက် အင်အားတစ်ခုဖြစ်စေ၍ ရခိုင်ပြည်သူများ၏ အခက်ခဲများကို ပုံရိပ်သဖွယ် ပုံဖော်ထားသည်ဟု မြင်မိကြောင်း စာရေးဆရာ ထွန်းစောခိုင် ကပြောသည်။

“ ဒီလို စာအုပ်တစ်အုပ် ထွက်လာတာက ကျနော်တို့ ရခိုင်စာပေလာကအတွက် အင်အားတစ်ခုဖြစ်တယ်။ စာအုပ်ဆိုတာက ဘာစာအုပ်ပဲဖြစ်ဖြစ် လူသားတွေ အတွက် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်တယ်။ ဒီစာအုပ်ကို ကျနော်တို့ ရခိုင်ပြည်သူတွေက ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ မြင်ပါတယ်။ ပြီးတော့ ရခိုင်လူထုနယ်ပယ်မှာ ဖြစ်နေတဲ့ အခက်ခဲတွေကို ပုံရိပ်တစ်ခုအဖြစ် ပုံဖော်ထားတာလို့မြင်တယ် ” ဟု ပြောသည်။

အဆိုပါ ကဗျာစာအုပ် မိတ်ဆက်ပွဲကို စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီး၊ မီးချေဘု စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ရာ ၇ခိုင်စာပေသမားများ ၃၀ ခန့် တက်ရောက်ခဲ့ကြာင်း သိရှိ၇သည်။

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.