ချစ်အိလှိုင်
နိ၇ဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ယနေ့ ဖေဖော်ဝါရီ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သော်လည်းနေ့လယ် ၁၂ နာရီကျော်အထိ ရုံးထုတ်လာခြင်း မရှိသေးကြောင်း သိ၇သည်။
ဦးညီပုကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ည ၁၀ နာရီကျော်က ၄င်း၏ ဂွမြို့နယ်နေအိမ်မှတပ်မတော်သားများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပိုင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ထားကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးမင်းသန်း၏ အတည်ပြု ပြောကြားချက်အ၇ သိ၇သည်။
ယင်းနောက် ယနေ့တွင် ဦးညီပုအား စစ်တွေမြို့နယ်တရားရုံးတွင်ရုံးထုတ်စစ်ဆေးမည်ဖြစ်သော်လည်း နေ့လယ် ၁၂ နာရီကျော်အထိ ရုံးထုတ်လာခြင်းမရှိသေးကြောင်း အမှုအားပါဝါယူရန်လိုက်ပါဆောင်ရွက်မည့် ရှေ့နေဦးငြိမ်းချမ်းကပြောသည်။
“ ကျွန်တော်တို့ အခုထိ ဘာတစ်ခုမှ မသိရသေးပါဘူး။ ရုံးလည်းမထုတ်သေးပါဘူး။ သူ့ကိုဘယ်မှာထားလည်း ဆိုတာလည်း မသိရသေးပါဘူး။ပါဝါယူဖို့စောင့်နေတာပါ။ တရားသူကြီးကတော့ မြို့နယ်တရားသူကြီးဦးဝင်းနိုင်လို့သိ၇တယ် ”ဟု သူကပြောသည်။
လက်ရှိတွင် ၄င်းမှာ စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်အလာကိုစောင့်ဆိုင်းလျက်ရှိနေကြောင်း ပြောသည်။
ဦးညီပု၏ မိသားစုဝင်များအား နိ၇ဉ္စရာသတင်းဌာနမှ ဆက်သွယ်ရာ သမီးဖြစ်သူ မမိုးဆန်းစုကြည်က ၄င်းတို့အနေဖြင့် တစ်စုံတရာသတင်းရရှိခြင်းမရှိသဖြင့် အခြေအနေအား မေးမြန်း စုံစမ်းလျက်ရှိကြောင်း ပြန်ဖြေကြားသည်။
ဦးညီပုအား ဖမ်းဆီးသွားသည့် ဖေဖော်ဝါရီ ၁၀ ရက်နေကတည်းက မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိသဖြင့်မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁ရရက်နေ့က နိ၇ဉ္စရာကမေးမြန်းစဉ် မမိုးဆန်းစုကြည်ကဖြေကြားထားသည်။
လက်ရှိတွင် ဦးညီပုကို စစ်တွေမြို့နယ်တွင် ထားရှိပြီး မည်သည့်နေရာတွင်ထားရှိသည်ကို မသိရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းကလည်း ပြောဆိုထားသည်။