ဆောင်းဇာခြည်၊ အိမ်စိုးဖြူ
နိ၇ဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ယနေ့ မွန်းတည့်ပိုင်းကစစ်တွေမြို့နယ်တရားရုံးတွင် ဗီဒီယိုကောလ် (Video Call) ဖြင့် အွင်လိုင်းမှ စစ်ဆေးခဲ့ပြီး အမှုအား လိုက်ရှေ့နေနှင့် စကားပြောခွင့်ရရှိခဲ့သည်ဟုသတင်းရရှိသည်။
သူ့အမှုအား လိုက်ဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေပြုအထောက်အကူအဖွဲ့မှ တရားလွှတ်တော်ရှေ့နေဦးမျိုးမြတ်ဟိန်း (ခ) ဦးငြိမ်းချမ်းက “အခု အမှုအခြေနေကတော့ ရှေ့နေဆီကို လွှဲစာတင်တယ်ပေါ့။ ဝန်ကြီးချုပ်နဲ့တော့ ဗီဒီယိုနဲ့ပဲအွင်လိုင်းက တွေ့ခွင့်ရတယ်။ စကားပြောခွင့်ရတယ်။ မြင်လိုက်၇တာကတော့ ကျန်းကျန်းမာမာပါပဲ။၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတာပါ။ ထောင်ဒဏ် ၂ နှစ်အထိ ကျနိုင်တယ်ပေါ့။ တရားရုံးရဲ့ ၇မန်အရဆိုရင် အခု သူ့ကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။” ဟု သူက ပြောသည်။
ဦးညီပုကို လာမည့် မတ်လ ၄ ရက်နေ့ထပ်ပြီး ရုံးချိန်းထပ်ချိန်းလိုက်ကြောင်းသိ၇သည်။
၄င်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်က ၄င်း၏ ဂွမြို့နယ်နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။